NEWS

လုပ်ငန်းခွင်အတွင်း အပြုသဘောဆောင်တဲ့ လုပ်သားအခွင့်အရေး ဆောင်ရွက်ပေးဖို့လိုလားနေ

CoverLogo
456 Views
 
အထည်စံချိန် တောင်းခံမှုများတာ ကြောင့် လုပ်သားအပြောင်းအရွှေ့များနေပြီး ကျန်ရှိသည့်လုပ်သားများအတွက် အလုပ်လုပ်ကိုင်ရတာ ဖိအားပိုများလာတယ်လို့ DMA စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံကတော့ တရုတ်နိုင်ငံသားက ပိုင်ဖြစ်ပြီး ရန်ကုန်တိုင်းဒေကြီး၊ ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
စက်ရုံကို လုပ်သားအင်အား (၃၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂကော၊ WCC ကော်မတီပါ ဖွဲ့စည်းထားတာမရှိဘဲ ဂျပန်နိုင်ငံကို တင်ပို့တဲ့ အင်္ကျီတွေကို တံဆိပ်မကပ်ဘဲ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။
“စက်ရုံက ဖွင့်ထားတာ မကြာသေးပါဘူး။ အလုပ်သမားတွေက မတည်ငြိမ်ဘူးဖြစ်နေတယ်။ ကျွမ်းကျင်လုပ်သား လည်းလိုအပ်နေပါတယ်။ စက်ရုံကို လာလျှောက်ကြတဲ့ အလုပ်သမားတွေရှိပေမယ့် စက်ရုံတာဝန်ခံတွေက အထည် စံချိန်တွေကို အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုပြီး တောင်းခံတယ်။ မရရင် ဖိအားပေးတာ၊ အော်ဟစ်ဆဲဆို တာတွေ ပြုလုပ်ပါတယ်။ စက်လိုင်းထဲ တစ်နေ့တစ်နေ့ ပြောဆိုမှု၊ သောင်းကျန်းမှုတွေကြောင့် အလုပ်သမား တွေလည်း အလုပ်ကထွက်ကြတာများတယ် အလုပ်သမားတွေ မတည်ငြိမ်ပဲထွက်တော့ ကျန်ခဲ့တဲ့ အလုပ် သမားတွေကို အထည်စံချိန် ဖိအားပေး တောင်းခံတာတွေကို ပြုလုပ်နေပါတယ်” လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံမှာ အလုပ်ချိန်ကို မနက် (၇) နာရီခွဲကနေ ညနေ (၆) နာရီထိ သတ်မှတ်ထားပြီး ပုံမှန်အချိန်ပို (၂) နာရီ လုပ် ကိုင်ရတာပဲ ဖြစ်ပါတယ်။
လုပ်ခလစာအနေနဲ့ ဒေးကြေး (၆၈၀၀) ကျပ်၊ မုန့်ဖိုး (၃၀၀၀) ကျပ်၊ စုစုပေါင်း (၉၈၀၀) ကျပ်ပေးချေသလို အချိန်ပိုကြေးကိုလည်း (၁၈၀၀) ကျပ်နဲ့ တွက်ချက်ပေးနေတာ ဖြစ်ပါတယ်။
“အခုက စက်ရုံ၊အလုပ်ရုံသစ်တွေက တိုးဖွင့်နေပါတယ်။ ဒါပေမယ့် အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို အပြုသဘောဆောင်ပြီး ဆောင်ရွက်ပေးနေတာ မရှိပါဘူး။ ဒီလိုအခြေအနေတွေကို ကူညီဆောင် ရွက်ပေးတဲ့သူတွေလည်း မရှိပါဘူး” သူက ပြောပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ အထည်စံချိန်တွေကို ဖိအားပေးပြီး မတောင်းရေးနဲ့ အလုပ်သမားတွေကို အော်ဟစ် ဆဲဆိုမှု မလုပ်ရေး၊ ပြုလုပ်သူတွေကို အလုပ်ရှင်က ထိရောက်စွာ အရေးယူပေးရေး လိုလားနေတာ ဖြစ်ပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026
Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026