NEWS

လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့် လူမှုဖူလုံရေးခံစားခွင့်များပေးစေလိုတယ်လို့ အလုပ်သမားတွေတောင်းဆို

CoverLogo
701 Views

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၁ မင်းသိဒ္ဓိကျော်စွာလမ်းမှာဖွင့်လှစ်ထားတဲ့ HONE KONG ENTERPRIST  စက်ရုံ လုပ်ငန်းခွင်အတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်မရတာကြောင့် အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး ဖြတ်တောက်ခံရတာ လူမှုဖူလုံရေးကတ်မရရှိတာကြောင့် ဖူလုံရေးအကျိုးခံစားခွင့်တွေ မရရှိတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

မြန်မာနိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပြီး စက်ရုံမှာ အလုပ်သမား ၁၀၀ ဝန်းကျင်နဲ့ လည်ပတ်ကာ ကြာဇံထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ကို အဆိုင်း စနစ်ဖြင့် လုပ်ကိုင်နေရတာဖြစ်ပြီး ဖယ်ရီစီစဉ်ပေးစေလိုတယ်လို့လည်းအလုပ်သမားကပြောဆိုပါတယ်။

လက်ရှိလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ဆေးခွင့် မရရှိတာ အလုပ်ပိတ်ရက်ခံစားခွင့်တွေမရဘဲ လုပ်ကိုင်နေရတာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ ကျန်းမာရေးကိစ္စကြောင့်ဖြစ်စေ အလုပ်တစ်ရက်နားပါက ခွင့်ခံစားခွင့်မရဘဲ ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၁၅၀၀၀ ကျပ် ဖြတ်တောက်ခံရတာဖြစ်လို့ များစွာနစ်နာမှုရှိတယ်လို့ အလုပ်သမားကပြောပါတယ်။ 

လူမှုဖူလုံရေးကြေး လစဥ်ကောက်ခံသော်လည်း လူမှုဖူလုံ‌ရေးဆေးခွင့် ခံစားခွင့်မရှိခြင်း၊ အလုပ်သမားများ လက်ထဲတွင် လူမှုဖူလုံရေကတ်မရှိခြင်း၊ အလုပ်သမားများက ဒေးကြေး(၄၈၀၀ဖြင့်မလောက်ဌသည့်အတွက် ဒေးကြေးတိုးပေးရန်ပြောကြားသော်လည်း အလုပ်ရှင်ဘက်မှ ရှားပါးစရိတ်ဆိုပြီး အလုပ်သမားတစ်ဦးလျှင် ၅၀၀ ကျပ်စီပေးသော်လည်း ကန့်သတ်မှုများနှင့်ပေးခြင်း၊ အလုပ်တစ်ရက်မလာလျှင် မပေးခြင်း၊ တနင်္ဂနွေနေ့ အလုပ်မဆင်းလျှင်မပေးခြင်း စတာတွေကြောင့် အဆင်ပြေမှုမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို ဆဲဆိုတာ ရိုင်းစိုင်းစွာပြောဆိုဆက်ဆံမှုများကြုံတွေ့နေရပြီး ဖိအားပေးခိုင်းစေတာတွေလည်း ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင် အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုထားခြင်း မရှိဘူးလို့လည်း အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်တွေဖြစ်တဲ့ ခွင့် ခံစားခွင့် လူမှုဖူလုံရေးခံစားခွင့်တွေ ပေးဖို့ ရိုင်းစိုင်းစွာ အော်ဟစ်ခိုင်းစေတာတွေမလုပ်ဖို့နဲ့ ဥပဒေနဲ့အညီဖြေရှင်းဆောင်ရွက်ပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

#MyanmarLabourNews

 

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026