NEWS

လုပ်ငန်းခွင်မတော်တဆမှု ကြောင့်လက်ချောင်း ၄ ချောင်းပြတ်သွားသည့် မြန်မာအလုပ်သမား နစ်နာကြေးဘတ် ၄ သိန်းကျော် ရရှိ

CoverLogo
349 Views

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်းစောင်နယ်မြေရှိ  ဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားပြီး ဘယ်ဘက်လက်(၄)ချောင်းဖြတ်ခဲ့ရတဲ့ မြန်မာအလုပ်သမား  နစ်နာကြေး ဘတ်၄သိန်းကျော် ရရှိခဲ့တယ်လို့ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးတဲ့(M.H.A.C) မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က မြန်မာအလုပ် သမား ဖြစ်သူ ကို ဆန်းဝင်းဟာ ဖိနပ်စက်ရုံ မှာ အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ အတွက်  ဖလန်းစောင်နယ်မြေရှိ PMG ဆေးရုံသို့ တက်ရောက်ကုသခဲ့ရတယ်လို့ဆိုပါတယ်။

ဆေးရုံမှာ တက်ရောက်ကုသရာ ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ အတွက် ဘယ်  ဘက်လက်ချောင်း(၄)ချောင်းဟာ အရင်အ တိုင်းပြန်လည်လှုပ်ရှားလို့မရတော့တဲ့ အတွက် ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။

အခုလို  မြန်မာအလုပ်သမား ထိခိုက်ဒဏ်ရာရတဲ့အပေါ်  ဖိနပ်စက်ရုံ ပိုင်ရှင်ဖြစ်သူက  ဆေးရုံတက် ရောက်ကုသရတဲ့စရိတ်နဲ့ လုပ်အားခကိုသာ ရှင်းပေးပြီး နစ်နာကြေးမပေးတာကြောင့် ထိုင်းရောက်မြန်မာလုပ်သားအ ရေးကူညီဆောင်ပေးနေတဲ့ (M.H.A.C)မဟာမိတ်ရုံးကို ဆက်သွယ်အကူအ ညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

(M.H.A.C) မဟာမိတ်အဖွဲ့ ရဲ့ ကူညီမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ရက် က ထိုင်းလူမှုဖူလုံရေးရုံး(ပရကန်ဆန်ခုံ)က ထိခိုက်ဒဏ်ရာရရှိတဲ့ မြန်မာအလုပ်သမား ကိုဆန်းဝင်းကို နစ်နာ ကြေး ဘတ် (၄၃၃,၃၀၅.၆၀) ပေးအပ်ခဲ့ပါတယ်လိုသိရပါတယ်။

 


Related posts

Cover
အလုပ် လုပ်ခွင့် (Work permit)အတု လုပ်သည့် ဝက်ဆိုဒ်များအား သတိထားရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနသတိပေး
Jun 11, 2025
Cover
မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသောကား ထိုင်းတောင်ပိုင်းတွင် တိမ်းမှောက်သဖြင့် မြန်မာအပါအဝင် ၉ ဦးဒဏ်ရာရ
Jun 11, 2025
Cover
ကိုရီးယားရောက် မြန်မာလုပ်သားများ ဝင်ငွေခွန်ပြေစာ မဖြစ်မနေ လာထုတ်ရန် သံရုံးကြေညာ
Jun 10, 2025
Cover
ဘန်ကောက် မိုးပျံတံတား လုပ်ငန်းခွင် မြန်မာလုပ်သားတစ်ဦးထပ်မံသေဆုံး
Jun 10, 2025
Cover
အလုံပိတ်ကားဖြင့် လိုက်ပါလာရသည့် မြန်မာလုပ်သား ၄၀ဦး အဖမ်းခံရ
Jun 08, 2025
Cover
မိုးပျံတံတားစီမံကိန်းမှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား ၄ ဦး အတွက် ဘတ် ၄ သန်းနစ်နာကြေးရ
Jun 03, 2025
Cover
စာချုပ် ချုပ်ထားပြီး အသက်ကန့်သတ်ချက် ကိုက်ညီနေတဲ့ အမျိုးသား လုပ်သားတွေပြည်ပထွက်ခွင့်မရ
Jun 03, 2025
Cover
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တွေအတွက် CI စာအုပ်သက်တမ်းတိုး စခန်းများဖွင့်လှစ်ပေးမည်ဟုဆို
Jun 02, 2025