NEWS

လုပ်ငန်းခွင်ထိခိုက်မှုတွေ ဖြစ်ပေါ်ပါက တာဝန်ယူပေးဖို့ လိုအပ်နေ

CoverLogo
794 Views
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းကြီးမဟာမင်းခေါင်လမ်း ရွှေသံလွင်စက်မှုဇုန် မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Dishang Fashion (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကျွမ်းကျင်မှုမရှိတဲ့ လုပ်ငန်းခွင်တွေမှာသွားရောက်လုပ်ကိုင်ခိုင်းပြီး ထိခိုက်မှုဖြစ်ပေါ်ပါက တာဝန်ယူပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော်နဲ့ ONLY, BESTSELLER, PImKIe, FIRST DOWN တံဆိပ်တွေ ချုပ်လုပ်တင်ပို့နေတာလို့ ပြောပါတယ်။
 
"စက်ရုံမှာ ပြီးခဲ့တဲ့ အပတ်က ဘွိုင်လာပျက်တုန်းက အောတစ်( စစ်ဆေးရေး) လာတော့ အလုပ်သမားတွေကို လုပ်ခလစာအပြည့်နဲ့ နားပေးထားတယ်လို့ ပြောတယ်၊ တကယ်တော့ အနားမပေးဘဲ ရုံခွဲတွေ ကိုသွားပြီး မီးပူတိုက်ခိုင်းတာပါ၊ အခြားစက်ရုံတွေကို မသွားနိုင်ဘူးပြောတဲ့ အလုပ်သမားတွေကိုလည်း အလုပ်ဖြုတ်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်တာပါ။ နောက်တခုက ဖင်နစ်ရှင် ဌာနတွေမှာ အလုပ်ပါးတာမျိုးဆိုရင် အခြားဌာနတွေမှာခိုင်းပါတယ်၊ အဆုံးဆုံးကတော့ ဘားတက်၊ စနက်စ် ရိုက်တဲ့ ဌာနတွေကို သွားလုပ်ခိုင်းပါတယ်။ လုပ်ငန်းမကျွမ်းကျင်တော့ ထိခိုက်မိတာတွေရှိတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေနဲ့ မိမိလုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့နေရာတွေမှာ ခိုင်းစေတာမလုပ်ဖို့နဲ့ ထိခိုက်မိပါက ဆေးကုပေးတာတွေလုပ်ဖို့ ၊ ဖိနှိပ် ခြိမ်းခြောက်တာတွေမလုပ်ဘဲ တာဝန်ယူမှုတာဝန်ခံမှုနဲ့အလုပ်ခိုင်းဖို့အလုပ်သမားတွေက ပြောပါတယ်။
"အဓိကပြောချင်တာကတော့ ဇွန်လမှာ လုပ်ခလစာ ဒေးကြေး ၁၂၀၀၀ ကျပ်တိုး ပေးဖို့ တောင်းဆိုခဲ့တာ ကို ၁၁၀၀၀ ပဲပေးတယ်၊ အရင်က အချိန်ပို ဆက််ဆင်းရင် ၁၅ မိနစ်နားခွင့်ပေးတယ်၊ အခုကျတော့ မိနစ် ၃၀ ကို ကိုယ့်အချိန်နဲ့ ပဲကိုနားရတယ်။ ဒေးကြေးအစားအခြားခံစားခွင့်တွေ တိုင်တွေ ပေးမယ်ဆိုလို့ ညှိနှိုင်းတာကိုလက်ခံခဲ့တာ အခုကျတော့ ခံစားခွင့်တွေပဲလျှော့သွားတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ စက်ရုံဘက်က ဒေးကြေးတိုးပေးဖို့ နဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေမလုပ်ဖို့အတွက် မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကိုလည်း တိုင်ကြားထားတယ်လို့ ဆိုပါတယ်။
"အလုပ်သမားတွေကို အင်္ကျီနဲ့ ခေါင်းစည်းပေးမယ် ၈ လပိုင်း ၁ ရက်နေ့ကစပြီး ဝတ်ရမယ်ပြောပြီး ယောက်ျားလေးတွေကို ပုဆိုးအစား ဘောင်းဘီဝတ်ရမယ်ပြောတယ်။ ယူနီဖောင်းပေးတော့ ဘောင်းဘီမပါဘူး။ ဘောင်းဘီမဝတ်ဘဲ ပုဆိုးပဲဝတ်ရင် EC အရ အရေးယူမယ်ဆိုပြီးပြောတယ်။ ဝတ်စေချင်ရင် ပေးရမှာမဟုတ်ဘူးလား။ မီးပူးတိုက်တဲ့နေရာတွေဘာဝွေဆို ပူလောင်ပြီး အဆင်မပြေတာတွေလည်း ရှိနေတယ်လေ ဒါနဲ့ ပတ်သက်ပြီး WCC ကလည်း ဘာမှ မဆွေးနွေးပေးဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတွေအတွက် အလုပ်ရှင်ဘက်က သင့်တင့်မျှတအောင် စီမံပေးစေလိုတယ်လို့ ဆိုထားပါတယ်။
 
အလုပ်သမားတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ချိန်ပြီး အချိန်ပိုဆင်းဆက်မဆင်းခင် ခံစားခွင့်ပေးထားသော ၁၅ မီနစ်ကို ယခင်တိုင်း ခံစားခွင့် ပေးရန်။
စက်ရုံမှ ပေးသော ယူနီဖောင်းဖြစ်သည့် အင်္ကျီနှင့် ခေါင်းစည်း ဝတ်စဥ်မည်။ အောက်ပိုင်းကို ဘောင်ဘီဝတ်ရန်ပြောသည်ကို ပြန်လည်ရုတ်သိမ်းပေးရန်။
၂။ မိမိဌာနမှလွဲ၍ မကျွမ်းကျင်သည့် အလုပ်ဌာနများကို ခိုင်းစေခြင်းမပြုရန်။ အခြားစက်ရုံများကို စေလွတ်ခိုင်းစေခြင်းမပြုရန်။ သွားလုပ်လိုသည်သူများကို မပြောလိုပါ။ မလုပ်လိုသည့် ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်းမပြုရန်။
၃။ လုပ်ငန်းခွင်ထိခိုက်မှုများကို စက်ရုံမှ တာဝန်ယူဖြေရှင်ပေးရန် စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026