NEWS

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းပြတ်တောက်သွားရသော အလုပ်သမား လျော်ကြေးရရှိ

CoverLogo
27 Views
 
ထိုင်းနိုင်ငံ ၊ နကော့ပထုံမြို့နယ်၊ ဘန်းလင်ရှိ ငရုတ်သီးမှုန့်ထုပ်လုပ်သည့်စက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မ --- သည် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ဘယ်ဘက်လက်မပြတ်သွားပြီး ၊ နစ်နာကြေး ရရှိရန် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
မ---- သည်လုပ်ငန်းခွင်အချိန်၌ အလုပ်လုပ်နေစဥ် စက်ကိုသန့်ရှင်းရေးလုပ်ရာ စက်မှရုတ်တရက်ထလည်လာပီး မိမိ၏လက်နှင့်စက်သွားထိမိကာ ဘယ်ဘက်လက်မ အရင်းထိပြတ်သွားရခြင်းဖြစ်ပြီး သူဌေးဖြစ်သူမှ ပကန်စန်ခွန် ( လူမှုဖူလုံရေး) ကိစ္စကို လိုက်ပါဆောင်ရွက်ပေးခြင်းမရှိသောကြောင့် WAG အလုပ်သမားမဟာမိန်အဖွဲ့သို့အကူအညီတောင်းခံခဲ့တာပါ။
 
WAG အနေနဲ့ စက်တင်ဘာဘာ ၅ ရက်မှာ အလုပ်သမားနှင့်အတူ မြို့နယ်ပကန်စံခွန်ရုံးကို သွားရောက်အကြောင်းကြားပီး စက်တင်ဘာ၁၁ရက်တွင် ဆုံးရှုံးသွားသောလက်မအရွယ်အစားအား နကော့ပထုံဆေးရုံးကြီး၌ တိုင်းထွာခဲ့ပြီး နစ်နာကြေးရရှိရန် ပကန်စန်ခွန်ရုံးသို့တင်ပြခဲ့ကြောင်းသိရပါတယ်။
 
"နစ်နာကြေးနှစ်သိန်းကိုသောင်းဘတ်ကျော်ရရှိပါတယ်။WAG အဖွဲ့ကိုကျေးဇူးတင်ပါတယ်။WAG အဖွဲ့ရုံးရေရှည်ရပ်တည်ရေးအတွက်လည်း ဘတ်ငွေတစ်သောင်းပြန်လှူပါတယ်"လို့ မ --- ကပြောပါတယ်။

Related posts

Cover
ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ
Oct 25, 2025
Cover
ကန်ချနဘူရီ တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
Oct 25, 2025
Cover
ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ
Oct 24, 2025
Cover
မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးကြေညာ
Oct 23, 2025
Cover
ပဲခူးတိုင်းမှ လာရောက်သည့် မြန်မာ ၃၀ ကျော် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Oct 23, 2025
Cover
အထောက်အထားမဲ့ မြန်မာလုပ်သားတင်ဆောင်လာသည့်ယာဉ် ဓါတ်တိုင် ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါသူများ အဖမ်းခံရ
Oct 22, 2025
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား၆၀ကျော် ကို နေရပ်ပြန်ပို့
Oct 22, 2025
Cover
မလေးရှားတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အသွားဂရုစိုက်ရန်သတိပေး
Oct 22, 2025