NEWS

လုပ်ငန်းခွင်တွင်း ချိုးဖောက်မှုများကို လာရောက်စစ်ဆေးသော်လည်း ဆက်လက်ချိုးဖောက်နေဆဲဖြစ်

CoverLogo
709 Views
 
တရုတ်နိုင်ငံသားပိုင် FZ GARMENT Co.ltd မှာ လုပ်ငန်းခွင်တွင်း အခွင့်အရေး ချိုးဖောက်နေတာကို သတင်း ဖော်ပြခဲ့တာကြောင့် စစ်ဆေးတာတွေလုပ်ဆောင်ဖို့ အလုပ်သမားဝန်ကြီးဌာနက စက်ရုံဘက်ကို ကြိုတင်အ ကြောင်း ကြားခဲ့ပါတယ်။
ဒီလိုစက်ရုံဘက်ကို ကြိုတင်အသိပေးပြီးမှ စစ်ဆေးတာကြောင့် လုပ်ငန်းခွင်တွင်းမှာ ပြုပြင်ပြောင်းလဲမှုမရှိဘဲ ချိုး‌ဖောက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကင်းဝန်မင်းကြီးလမ်းမှာ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ လုပ်သားဦး‌ရေ (၇၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေပါတယ်။
စက်ရုံမှာ DUNLOP၊ ikka ၊ Functionality makes your life comfortable စတဲ့ အမှတ်တံဆိပ်နဲ့ ဝယ်လွန် အနွေးထည်၊ ဘောင်းဘီ၊ ကုတ်အင်္ကျီတွေ ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။
“အချိန်ပိုတွေလည်း မတရားခေါ်တယ်။ လုပ်ငန်းခွင်ထဲမှာလည်း ချိုးဖောက်တာတွေ လုပ်ဆောင်နေတာက သတင်းပြန့်လာတော့ အလုပ်သမားရုံးက စက်ရုံထဲလာစစ်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ဘက်ကို စစ်ဆေးရေးလာ မှာကို ကြိုအသိပေးပါတယ်။ အဲဒီတော့ စက်ရုံမန်နေဂျာက အလုပ်ထဲက အလုပ်သမားတစ်ချို့ကို ဖြေဖို့တွေ ကြို သင်ပေးပါတယ်။ အလုပ်သမားရုံးကလူတွေ လာတော့လည်း ခေါ်ချင်တဲ့သူ ခေါ်တာမဟုတ်ပါဘူး၊ အလုပ်ရှင်ဘက် က သင်ပေးထားတဲ့ အလုပ်သမားတစ်ချို့ကိုပဲ ခေါ်မေးပါတယ်။ ပြောမယ်ဆို လုပ်ငန်းခွင်ထဲ ချိုးဖောက်နေတာ တွေက အမှန်မပေါ်ပါဘူး။ ဒီနေ့ထိ ချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ စက်ရုံအလုပ်သမား တစ်ဦးက ပြောပါတယ်။
လုပ်ငန်းခွင်တွင်းမှာ ဆဲဆိုတာတွေကိုလည်း အချိန်ပြည့် လုပ်ဆောင်နေပြီး ခွဲခြားဆက်ဆံတာတွေ၊ ဥပဒေမဲ့ အလုပ်ထုတ်တာတွေပါ လုပ်ဆောင်နေတာ လို့ ပြောပါတယ်။
အထည်စံချိန်တွေကိုလည်း မတရားတောင်းခံနေပြီး စက်လိုင်းတစ်လိုင်းမှ လူ (၄၀) ရှိတာကို တစ်နာရီကို အင်္ကျီအထည် (၅၀) တောင်းခံပြီး စံချိန်မပြည့်ပါက ဆဲဆိုတာတွေ လုပ်ဆောင်နေပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အလုပ်သမားတွေက ထိုင်ရာကမထဘဲ ရေမသောက် အပေါ့မသွားဘဲ ချုပ်လုပ်လို့ အထည်စံချိန်ပြည့်ရင်လည်း ထပ်တိုးတောင်းဆိုနေတာပဲ ဖြစ်ပါတယ်။
အသက်မပြည့်သေးတဲ့ အလုပ်သမားတွေကို သတ်မှတ်ချက်တွေနဲ့အညီ အလုပ်ခန့်ထားမှု မရှိသလို လူကြီးလုပ် သားတွေတန်းတူ ခိုင်းစေနေတာပဲ ဖြစ်ပါတယ်။
“ခွင့်ခံစားခွင့်တွေ မရှိပါဘူး။ ခွင့်ရက်မရတော့ အလုပ်တစ်ရက်ပျက်မယ်ဆိုရင် ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်း ပေးတဲ့ (၉၀၀၀) ရယ်၊ ရက်မှန်ကြေး (၃၅၀၀၀) ရယ် ဖြတ်ခံရလို့ နစ်နာပါတယ်။ စက်ရုံမှာ WCC ရှိတယ်လို့ ပြော ပေမယ့် အလုပ်သမားတွေ မသိပါဘူး။ အခုထိ EC စာချုပ် မချုပ်ရသေးတဲ့ အလုပ်သမားတွေလည်း ရှိပါတယ်။ နောက်တနင်္ဂနွေပိတ်ရက်တွေလည်း မနားရဘဲ အပတ်တိုင်းလိုလို အချိန်ပိုဆင်းရပါတယ်။ ညဖက်တွေဆိုလည်း (၈) နာရီခွဲကနေ (၁၁) နာရီခွဲထိ နေ့တိုင်း အချိန်ပို ဆင်းရပါတယ်။ အလုပ်သမားက မဆင်းချင်ပေမယ့် အလုပ် ရှင်ဘက်က ဖိအားပေး ခိုင်းစေပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားတွေ စီးရတဲ့ ဖယ်ရီကားတွေကလည်း ကြပ်သိပ်နေသလို လုပ်ငန်းခွင်တွင်းမှာ အိမ်သာတွေ ကလည်း သန့်ရှင်းမှုမရှိဘဲ အနံ့ဆိုးတွေ ထွက်နေပါတယ်။
"အိမ်သာသွားဖို့ကိုလည်း အိမ်သာသွားတဲ့ကတ်ရှိမှာ သွား ရတဲ့အပြင် အရင်သွားတဲ့သူ ပြန်လာမှ အိမ်သာသွားခွင့် ရှိနေတာ" လို့ပြောပါတယ်။
စက်ရုံအလုပ်သမားတွေက လုပ်ငန်းခွင်တွင်းက ချိုးဖောက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။
အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့တိုင်း အချိန်ပိုမခေါ်ဖို့၊ အလုပ်သမားတွေ ချုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ ဖယ်ရီအခက်အခဲကို ဖြေရှင်းပေးဖိုံ၊ အောစူပါ၊ လီတာတွေက အထည်စံချိန်တောင်းရာမှာ မဆဲဖို့၊ အလုပ်သမားရုံးက လာစစ်ဆေးပါက အလုပ်ရှင်ဘက်က ကြိုတင်ပြင်ဆင်ထားသူတွေကို မခေါ်ဖို့နဲ့ ချိုးဖောက်တာ တွေကို ထိရောက်စွာ အရေးယူဖို့၊ အိမ်သာသွားရာမှာ အိမ်သာကတ်ရှိမှာ သွားရတာကို ဖျက်သိမ်းဖို့နဲ့ ဥပဒေပါ ခွင့်ခံစားခွင့် ရရှိဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026