NEWS

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ မလုပ်ဖို့ YUAN HONG GARMNENT အလုပ်သမားတွေ တောင်းဆို

CoverLogo
593 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာဖွင့်လှစ်ထားတဲ့ YUAN HONG GARMNENT မှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေရှိနေလို့ ကျူးလွန်မှုတွေ မလုပ်ဆောင်ဖို့ အလုပ်သမားတွေက လိုလားနေတယ်လို့ ပြောပါတယ်။
 
အဲ့ဒီလုပ်ငန်းမှာ အလုပ်သမား ၁၀၀၀ ခန့်နဲ့ JP၊ FREUD၊ Rag Out၊ SinSay၊ Work CLEANEST၊ mont.bell စတဲ့အမှတ်တံဆိပ် တွေချုပ်ပြီး တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်တယ်လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ အငြင်းပွားမှုတွေ ဖြေရှင်းဖို့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ချိုးဖောက်မှုအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ထားရှိရမယ့် ဆေးဝါးမရှိတာ ခွဲခြားဆက်ဆံတာတွေကြောင့် ခံစားခွင့်မရဘူးလို့ ဆိုပါတယ်။
 
"နွေရာသီမှာ ချွေးအရမ်းထွက်တော့ ဓါတ်ဆားရည်ထုတ်ရမလားသွားတောင်းရင် မရှိဘူး၊ ပေးရင်လည်း ၄ ယောက်ပြည့်မှ တထုတ်ပေးတယ် ဘာလို့လဲမေးတော့ မန်နေဂျာက အဲ့လိုပေးဖို့ မှာထားလို့တဲ့ နောက်ပြီး ခွဲခြားပြီးပေးတာရှိသေးတယ်။ သူနဲ့ မတည့်တဲ့လူဆို ဆေးမရှိဘူးပြော၊ တည့်တဲ့သူဆို ဆေးရ အဲ့လိုမျိုးလည်းရှိသေးတယ်။ ဓါတ်ဆားထုတ်ပေးတော့ အလုပ်အတွက်ထိခိုက်မှာမို့လို့လားမေးချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
"နောက်ပြီး ဖယ်ရီကားမလောက်မငှ တာကြောင့် အမျိုးသမီးတွေလည်း မတ်တပ်ရပ်စီးရတဲ့အပြင် ကျပ်သိပ်ပြီး စီးရလို့ ရုံးပေါ်ကို သွားပြောလဲ မသိချင်ယောင်ဆောင်နေတယ်။ အလုပ်ကပြန်ရင် ထွက်ပေါက်တွေက ၃ ပေလောက်နဲ့ အရမ်းကျဉ်းနေတော့ အရေးပေါ်မဖြစ်မနေထွက်ရမယ်ဆိုရင် အလုပ်သမား ၁၀၀၀ ကျော် အတွက် ဘယ်လိုမှ အဆင်မပြေဘူး။နွေရာသီဆိုတော့ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ တခုခုဖြစ်လို့ ထွက်မယ်ဆို ထွက်ဖို့ ဘယ်လိုမှ အဆင်မပြေဘူး သူတို့ကို ၁၀ မိနစ်လောက်စောထွက်စေချင်တယ်"လို့ ဆိုပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်မှာ နေ့စားအလုပ်သမားတွေ ခန့်ထားပေမယ့် အစမ်းခန့် ကာလ ၃ လပြည့်ပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားခြင်းမရှိဘဲ အလုပ်ကနေ ထုတ်ပယ်တာ အသက်မပြည့်သေးတဲ့ လူရွယ်အလုပ်သမားတွေကို ဆရာ ဝန်ထောက်ခံချက်မပါဘဲ ခန့်အပ်ခိုင်းစေတာ လူကြီးလုပ်သားတွေနဲ့ တန်းတူလုပ်ကိုင်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
 
"နောက်တခုက အိုတီ အတင်းအကျပ် ဆင်းခိုင်းတာပါ အလုပ်ချိန် ၈ နာရီပြည့်လို့ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်မယ်ဆို ဂိတ်ပက်မပေးဘူး တခုခုဆို တရားစွဲလို့ ရတယ် လို့ ခြိမ်းခြောက်နေတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်မှာ အလုပ်လာလျှောက်တဲ့ အလုပ်သမားတွေထံက ကျပ် ၄၀၀၀၀ တောင်းယူတာတွေရှိနေတယ်လို့ ပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံ အကူအညီတောင်းခံထားတယ်လို့ ပြောပါတယ်။
 
ဖြေရှင်းပေးစေလိုတဲ့ တောင်းဆိုချက်တွေအနေနဲ့
၁။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို အလုပ်ရှိရင်ခေါ်လိုက် အလုပ်မရှိရင်အလုပ်ထုတ်လိုက် လုပ်နေခြင်းကိုမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ မန်နေဂျာမှ အလုပ်သမားများတစ်စုံတစ်ရာမရှိဘဲ ဝမ်တိမ်းထိုးခြင်းများ မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ကြပ်တည်းစွာစီးနေရသော ဖယ်ရီကားများကို စီစဥ်ဆောင်ရွက်ပေး ရန်။
၄။ အလုပ်ရှင်ဘက် အလုပ်သမားများအတွက် အခြေခံထားရှိရမည့်ဆေးကို လုံလောက်စွာထားရှိပေးရန်။
၅။ အလုပ်ရှင်ဘက်မှ တရုတ်စကားပြန်မှ အလုပ်သမားများ အလုပ်လာလျောက်လျင် ပိုက်ဆံ ၄၀၀၀၀ ကျပ် တောင်းခံနေခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ အိမ်သာသွားလျင် လုံခြုံရေးတွေက ဓာတ်ပုံလိုက်ရိုက်ခြင်းမပြုလုပ် စတဲ့ အချက်တွေဖြစ်တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026