NEWS

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ လိုလားနေ

CoverLogo
427 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း မှာ ဖွင့်လှစ်ထားတဲ့ Jian Yi Garment Company Limited စက်ရုံမှာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ၊ အလုပ်တရက်ပျက်ပါက အလုပ်မှ ထုတ်ပယ်တာနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေတာတွေ ကျူးလွန်နေတာကြောင့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေကအကူအညီတောင်းခံထားပါတယ်။
 
အဆိုပါ လုပ်ငန်းမှာ အလုပ်သမားများ၁၀၀ ကျော်နဲ့ လည်ပတ်နေပြီး တရုတ်နိုင်ငံသားပိုင် ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာတော့ SODA, Zebra အမှတ်တံဆိပ် အင်္ကျီဘောင်းဘီတွေချုပ်လုပ်တာလို့ သိရပါတယ်။
 
စက်လိုင်းတလိုင်းကို အလုပ်သမား ၂၈ ဦးရှိပြီး တယောက်ကို တနာရီအထည် ၆၁ ထည်တောင်းကာ တနေကုန်ဆိုရင် ၁၇၀၈ ထည်တောင်းတယ်လို့ ပြောပါတယ်။ နောက်စတိုင် တခုဆိုရင်တော့ တယောက်က်ို တနာရီ အထည် ၉၀ ၊ တနေကုန် ၂၅၂၀ ထိ တောင်းတာမျိုးလည်းရှိတယ်လို့ ပြောပါတယ်။
 
"Qc မန်နေဂျာမှ အလုပ်သမားတွေ တစ်ခုခုဆိုရင်ဆူပြီး လက်ပါတဲ့အထိ လုပ်တတ်တယ်" လို့ အလုပ်သမားကဆိုပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ ခံစားခွင့် မပေးတာကြောင့် အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး+ထောက်ပံ့ကြေး ၁၁၀၀၀ ကျပ်၊ ရက်မှန်ကြေး ၄၀၀၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
 
"နေထိုင်မကောင်းလို့ အလုပ်တရက်နားပြီး နောက်နေ့ အလုပ်ပြန််ဆင်းရတယ် အဲ့အချိန်မှာ နေမကောင်းရင် အလုပ်မလာနဲ့တော့ဆိုပြီးပြောတယ်" လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း သောက်သုံးရေ မသန့်တာ၊ သန့်စင်ခန်းတွေ မသန့်ရှင်းတာတွေ လည်း ဖြေရှင်းပေးတာမရှိဘူးလို့ ပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ Qcမန်နေဂျာမှ အလုပ်သမားများကို တစ်ခုခုဆိုရင်ဆူပြီး လက်ပါတဲ့အထိမလုပ်ဆောင် ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ အသုံးပြုသော အိမ်သာများကို အနံသက်ကောင်းအောင်ဆောင်ရွက် ပေးရန်နှင့်ဆပ်ပြာထားပေးရန်။
၅။ အလုပ်ရှင်ဘက်မှ စက်လိုင်းမန်နေဂျာမှ အလုပ်သမားများကို အော်ဟစ်ပြောဆိုခြင်းမပြုလုပ်ရန် အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026
Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026