NEWS

လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများ ဖြေရှင်းပေးစေလို

CoverLogo
513 Views
 
ချိုးဖောက်မှုဖြစ်စဥ်အကျဥ်း
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း တွင်ဖွင့်လှစ်ထားသော JiangSu Soho Myanmar Industry Co.,Ltd စက်ရုံတွင် အလုပ်သမား ၉၀၀ကျော်ဖြင့် လုပ်ငန်းလုပ်ကိုင်ပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်၍ Amisu, LC Waikiki တံဆိပ်ချုပ်လုပ်နေပြီး အလုပ်သမား အခွင့်အရေးများချိုးဖောက်ခံရမှုတွေကြုံနေရပါတယ်။
 
လုပ်ငန်းခွင်ထဲတွင် တရုတ် ဆရာတွေက တိုက်ရိုက်အုပ်ချုပ်နေခြင်း၊ အောစူပါ၊ စူပါများကအဖြစ်လောက်ဘဲ နေပေးနေသလိုဖြစ်နေကာ ခေါင်းလှုပ် ခေါင်းပြော ခြေလှုပ်ခြေပြောခံနေရပါတယ်။
 
အလုပ်ကိစ္စတောင် စကားပြောရင်မကြိုက်ခြင်း၊ တရုတ်တွေလာလို့ အလုပ်စကားပြောနေတာဘဲဖြစ်ဖြစ် အလုပ်ကထုတ်ပစ်ခြင်း၊ တရုတ်တွေတစ်ခွန်းဘဲ ဘယ်သူ့ကိုမဆိုမကြိုက်ရင် အလုပ်ဖြုတ်မှာဘဲဆိုပြီးပြောဆိုတယ်။
 
ရုံးခန်းကလဲ တရုတ်တွေအလုပ်ဖြုတ် ခိုင်းရင် အမှားအမှန်မစဥ်တော့ဘဲ အလုပ်ကဥပဒေမဲ့ အလုပ်မှထုတ်ပစ်ပါတယ်။
 
အလုပ်သမားများကို ဒေးကြေး+ ထောက်ပံ့ကြေး ၁၁၀၀၀ကျပ်၊ ရက်မှန်ကြေး၆၀၀၀၀ကျပ်ပေး သူဌေးမုန်ဖိုးဆိုပြီး ၅၀၀၀၀ ကျပ်ပေးထားပါတယ်။
 
အလုပ်တစ်ရက်ပျက်တာနဲ့ တစ်သိန်းကျော်လောက်ဖြတ် တောက်ခံနေရတာနဲ့ နေမကောင်းလဲ ခွင့်လဲမယူရဲခြင်း၊ ဂိတ်ပါတ်တစ်ခါလောက် ယူမိရင်လဲ ငါးသောင်းကျော်ဖြတ် ခံနေရတာဖြစ်ပါတယ်။
 
အလုပ်နောက်ကျရင်လည်း သူဌေးမုန့်ဖိုး အကုန်ဖြတ်ခံရပါတယ်။ ဘယ်လောက် ကျန်းမာရေးမကောင်းနေပါစေ ပိုက်ဆံဖြတ်ခံရမှာဆိုးလို့ ဗိုက်ကြီးသယ်တောင် အလုပ်မပျက်ရဲဘူးဖြစ်နေ ကြခြင်းဖြစ်ပါတယ်။
 
ခွင့်နဲ့ဂိတ်ပါတ်ဆိုလဲ ဌာနခေါင်းဆောင်တွေက ခွင့်ပေးရင်တောင် ရုံးပေါ်ကမပေးတာနဲ့ တရုတ်တွေက မပေးတာနဲ့ကြုံနေရလို့ အလုပ်သမားများက အခက်ခဲဖြစ်နေကြပါတယ်။
 
အလုပ်ရှင်ဘက်မှ အလုပ်သမားများမချုပ်လုပ်နိုင်သည့်အထိ အထည်စံချိန်များကို မတရားတောင်း ခံနေခြင်း၊ စက်လိုင်းတစ်လိုင်းကို လူရေ၅၀လောက်ရှိပြီး တနာရီကိုအထည်စံချိန် အင်္ကျီအပါးလေးတွေ အရေ အတွက်၁၅၀အထိတောင်းခံနေခြင်းဖြစ်ပါသည်၊ လစာကိုပိုပေးထားတာ ပေးထားတာနဲ့တန်အောင် လုပ်ရ မယ်ဆိုပြီးလူတစ်ယောက် လုပ်နိုင်တာထက်ကို ပိုပြီးစံချိန်တောင်းခံနေခြင်းဖြစ်ပါတယ်။
 
သူများစက်ရုံထက် လစာလေးနဲနဲပိုရလို့ လာလုပ်ပေမဲ့ စံချိန်အရမ်းတောင်းတော့ အလုပ်သမားများကလည်း မမြဲ၊ လူမမြဲတော့လူသစ်အမြဲခေါ်နေရခြင်း၊ အင်တာဗျူးခေါ်ရင်လဲ သူတို့စည်းကမ်းချက်တွေ မဖတ်ခိုင်းဘဲ လက်မှတ်ထိုးပေးရပါတယ်။
 
အလုပ်လာဆင်းလို့ သုံးရက်အတွင်း အလုပ်မလုပ်နိုင်လို့ အလုပ်ထွက်ရင်လဲ အလုပ်ဆင်းထားတဲ့ ရက်အတွက် ပိုက်ဆံမပေးဘဲ အလကားခိုင်းစေပါသည်၊
အထည်စံချိန်များတောင်းလျှင် တရုတ်တွေက ကြည့်မရတဲ့ အလုပ်သမားကို အလုပ်ဖြုတ်မယ်ဆိုကာ မီတင်လုပ်တိုင်းခြိမ်းခြောက်ပြောဆိုပါတယ်။
 
လုပ်ငန်းခွင်ထဲကwccက အလုပ်ရှင်ဘက်မှ ရွေးချယ်ခန့်ထားပြီး ၎င်းwccတွေက အလုပ်သမားများအတွက်ဆို wccအကုန်ပါးစပ်ပိတ်ခိုင်းထားခြင်းဖြစ်ပါတယ်။
 
စက်ချုပ်လိုင်း များကအိမ်သာများဖြင့် ကပ်နေပြီး စက်လိုင်းထဲမှာဆို အိမ်သာအနံတွေက လှောင်ပိတ်နေတာဖြစ်ပြီး ၎င်းအနံ ဆိုမထွက်အောင် အလုပ်ရှင်ဘက်က လုပ်ဆောင်ပေးမှုမရှိခြင်း၊ ၎င်းစက်ရုံက ရုံခွဲသုံးရုံရှိပြီး သုံးရုံလုံးအခြေ နေတွေတူတူပဲဖြစ်နေပါတယ်။
 
အခုလို အလုပ်သမားအခွင့်အရေးများ၊ ဥပဒေပါအခွင့်အရေးများချိုးဖောက်ခံနေရတဲ့အပေါ် မြန်မာနိုင်ငံကုန်ထုတ် နှင့်စက်မှုလက်မှု အလုပ်သမားများအ ဖွဲ့ချုပ် (IWFM) ထံအကူအညီတောင်းခံပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်။
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများအချုပ်လုပ်နိုင်သည့်အထိ စံချိန်များတောင်းခံနေခြင်းမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ တရုတ်လူမျိုးများမှာ အလုပ်သမားများကို အလုပ်ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆို ခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ လူသစ်အလုပ်သမားများကို အလုပ်ဆင်းရက်များကို ပိုက်ဆံရှင်းပေးရန်။
၄။ အလုပ်ရှင်ဘက်မှ ရွေးချယ်ထားသော wccများမဟုတ်ဘဲ အလုပ်သမားများက ရွေးချယ်သော wccကိုပြန် ရွေးရန်။
၅။ နိုင်ငံခြားသား တရုတ်လူမျိုးများမှာ အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုလုပ်ရန်တို့ဖြစ်ပါ တယ်။
အကူအညီတောင်းခံခြင်း။
JiangSu Soho Myanmar Industry Co.,Ltd အလုပ်သမားများ

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026