NEWS

လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေ ဆိုးရွားစွာ ချိုးဖောက်ခံနေရဟုဆို

CoverLogo
523 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မှာ လုပ်ငန်း လည်ပတ်နေတဲ့ Safety Clothing Myanmar အထည်ချုပ် စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက MLN ကိုပြောပါတယ်။
လုပ်ငန်းခွင်ဟာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်ပါတယ်။
 
အဲ့ဒီလုပ်ငန်းခွင်မှာ ဂျပန်နိုင်ငံကို တင်ပို့ဖို့အတွက် အနွေးထည်နဲ့ ဘောင်းဘီထည်တွေချုပ် လုပ်တာဖြစ်ပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာ မရှိဘူးလို့ ဆိုပါတယ်။
 
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေအနေနဲ့ ဒေးကြေး + ထောက်ပံ့ကြေး ၇၈၀၀ ကျပ်ပေးမယ်လို့ အလုပ်ကမ်းလှမ်းပေမယ့် တကယ်တမ်း ဝင်ရောက် လုပ်ကိုင် ရာမှာတော့ ၆၈၀၀ ကျပ်သာပေးချေတာ ၊ အလုပ်သမားတွေချုပ်လုပ်နိုင်တာထပ်ပိုတဲ့ အထည်စံချိန်ကိုတောင်းဆိုတာ ၊ နေ့စားအလုပ်သမားတွေကို ၃ လပြည့်တဲ့အထိခိုင်းပြီးမှ အလုပ်ထုတ်တာ ၊ အဝီစိတွင်းရေကိုသာ သောက်ရေအဖြစ်ထားရှိတာ၊ EC စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ တဖက်သတ်စည်းကမ်းတွေချမှတ်ပြီး ဝမ်တိမ်လက်မှတ်တွေ ထိုးခိုင်းတာ၊ ခွင့်ခံစားခွင့်မပေးတာ နဲ့ အလုပ်ချိန်ကျော်လွန်ခိုင်းစေတာတွေ ပြုလုပ်နေလို့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 
ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အလုပ်သမား က အခုလိုပြောဆိုပါတယ်။
" အထည်စံချိန်ကို လူဦးရေ ၂၀ ရှိတဲ့ လိုင်းမှာ တနာရီကို လိုင်းပေါက်အထည် ၅၀ ကျော်တောင်းပါတယ်။ ချုပ်တာက ဂျပန်စတိုင်အနွေးထည်တွေဆိုတော့ လက်ဝင်တယ် တောင်းသလောက်မရနိုင်ဘူးပေါ့၊ ပြီးတော့ အသက်မပြည့် သေးတဲ့ နေ့စား အလုပ်သမားတွေဆိုရင် ၃ လပြည့်တာနဲ့ အတည်ပြုမခန့်ဘဲ အပြစ်ရှာပြီးအလုပ်ထုတ်ပါတယ်။ ၁၂ လပိုင်းက အပြစ်မရှိဘဲ အလုပ်ထုတ်လို့ဆိုပြီး အလုပ် သမားရုံးကိုသွားရောက်တိုင်ကြားခဲ့ပါတယ်။ အလုပ်သမားရုံးကလာရောက် စစ်ဆေးပေမယ့် လာမယ့်ရက်ကြိုသိနေပြီး အလုပ်သမားတွေကို ပြောရမယ့်စကားတွေကြိုသင်ပေးထားပါတယ်။ တိုင်တဲ့အလုပ်သမားဘဲ အလုပ်ကထွက်သွားရတယ်" လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။
 
"သူ‌ဌေးတရုတ်အမျိုးသမီး ကိုယ်တိုင်က အဆင်မပြေတာရှိလိုသွားပြောတဲ့ အလုပ်သမား တွေကို "ဘာစကားမှ လာမပြောနဲ့ ငါ့ကိုဘာထင်နေလဲ နင်တို့ကိုအလုပ်ထုတ်မယ် နင်တို့ကိုဒုက္ခရောက်အောင် လုပ်ပြမယ် ငါ့စက်ရုံမှာ ငါ့စည်းကမ်းအတိုင်းနေရမယ် ဘာတစ်ခုမှလာမပြောနဲ့ဆိုပြီးအော် ကြီးဟစ်ကျယ်နဲ့ပြောတယ် ၊ အလုပ်လွှတ်ချိန် ဘဲတီးတာတောင် အလုပ်မဆင်းခိုင်းဘဲ အလုပ်ဆက်လုပ်ခိုင်းတာတွေလုပ်တယ် "သတ္တိရှိတဲ့လူထွက်ခဲ့ ငါကနင်တို့ထက် ပို့မိုက်တယ်"ဆိုပြီး မိုက်ကြေးခွဲတဲ့ပုံနဲ့ အလုပ်ဆက်လုပ်ခိုင်းတာပါ၊ ယောက်ကျားလေးတွေကိုလဲ လူပုံအလယ်မှာ အရှက်ရအောင် ဆဲဆို ပြောဆိုတာတွေ လုပ်နေတယ်" လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေကို လုပ်ခပေးချေရာမှာ အတိအကျမသိရဘဲ ခွင့်ယူပါက ရက်ပျက်အဖြစ်သတ်မှတ်ပြီး ဝမ်တိမ်ထိုးခိုင်းပြီး အခကြေးငွေဖြတ်တောက်တာကြောင့် ခွင့်ခံစားရခွင့်မရသလို ဒေးကြေး ရက်မှန်ကြေးတွေဖြတ်တောက်ခံနေရတာကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒီအခွင့်အ ရေး ချိုးဖောက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင် ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေ တိုင်ကြားထားပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်လွှတ်တဲ့အချိန်ကို အလုပ်မဆင်းခိုင်းဘဲ အလုပ်ဆက်လုပ်ခိုင်းခြင်း မပြုလုပ်ရန်။
၃။ တရုတ်အမျိုးသမီးမှ အလုပ်သမားများကို အော်ဟစ်ဆဲဆိုခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အပြစ်မရှိပဲအလုပ်ဥပဒေမဲ့ အလုပ်မှထုတ်လုပ်ခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အပြစ်မရှိအပြစ်ရှာပြီး ဝမ်တိမ်ထိုးခိုင်းခြင်းမပြုလုပ်ရန်နှင့် အလုပ်သမားများကို ECစာချုပ်ချုပ်ဆိုပေးရန်။
၆။ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026