NEWS

လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ

CoverLogo
43 Views

လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်ဘက်က ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းခွင်ဆိုင်ရာညှိနှိုင်းရေးကော်မတီ WCC အဖွဲ့ဟာ အလုပ်ထဲမှာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးခြင်းမရှိတာကြောင့် ကော်မတီကို ပွင့်လင်းမြင်သာစွာပြန်ဖွဲ့စည်းပေးဖို့ အပါအဝင် စက်ရုံရဲ့ စည်းကမ်းချက်အချို့ကို ဖြေရှင်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေက တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။ 

WCC ကို အသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းပေးဖို့၊ အလုပ်ကပေးထားတဲ့ ဝတ်စုံကို အိမ်ကနေ ဝတ်လာရင် ၁၅၀၀ ကျပ်ဖြတ်တောက်တာကို မလုပ်ဖို့ ၊ အလုပ်သမားရုံးက လုပ်ငန်းခွင်ထဲဝင်ရောက်စစ်ဆေးပါက ကြိုတင်သင်ကြားပေးထားတဲ့အလုပ်သမားတွေကိုသာ မေးမြန်းခြင်းမပြုဖို့ နဲ့ အလုပ်သမားတွေလစာထဲက ဖြတ်တောက်တဲ့ ဝင်ငွေခွန်ကို ဘာကြောင့် ဖြတ်တောက်တယ်ဆိုတာ ရှင်းပြဖို့ စတဲ့  အခြေအနေတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက တိုင်ကြားထားတာပါ။ 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှူဇုန်၊ ချင်းတွင်းလမ်း မှာ  ဖွင့်လှစ်ထားတဲ့  အဆိုပါ စက်ရုံမှာ အလုပ်သမား ၈၀၀ ခန့် နဲ့ Sunday ကော်ဖီမစ်ထုတ်လုပ်နေတာပါ။ 

"အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံနေရလို့ အကူအညီတောင်းချင်တာပါ၊ အလုပ်ထဲက အလုပ်သမားတိုင်း တစ်လကို ၄ သောင်းကနေ ၆ သောင်းကျော်အဖြတ်ခံရတယ် ဘာကြောင့်ဖြတ်လဲဆိုတာ မရှင်းပြဘူး။ စာရွက်ပေါ်မှာ Tax amt ဆိုတာပဲရေးထားတယ် ဘာကြောင့်ဒီလိုဖြတ်တောက်လဲဆိုတာ သိသင့်တယ်ထင်ပါတယ်။ နောက်ပြီး WCC မှာ အလုပ်ရှင်စိတ်ကြိုက်လူတွေပဲခန့်ထားပြီး  တခုခုဆို ဖြေရှင်းပေးဖို့ထက် အလုပ်မပြုတ်အောင်ဘဲနေနေရလို့ အကူအညီမဖြစ်ဘူး ဒါကြောင့် အလုပ်သမားတွေရဲ့ ဆန္ဒအတိုင်း ပြန်ရွေးချယ်ပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။ 


လုပ်ငန်းခွင်ထဲမှာ သတ်မှတ်ထားတဲ့ အလုပ်ချိန်အတိုင်းမဟုတ်ဘဲ ကုန်ကြမ်းရရှိမှုအပေါ်မူတည်ပြီး ပြောင်းလဲသတ်မှတ်ပြီး အလုပ်ချိန် နောက်ကျတဲ့အကြောင်းပြချက်နဲ့ ဌာနပြောင်းတာ ဖယ်ရီမစီစဉ်ပေးတာတွေ၊ အလုပ်သမားရုံးက လာရောက် စစ်ဆေးပါကလည်း အခြားအလုပ်သမားတွေကို ပြောခွင့်ပေးဖို့ ၊ ယူနီဖောင်းကို စက်ရုံရောက်မှ မဝတ်ဘဲ အိမ်ကကြိုတင်ဝတ်လာပါက ငွေကြေးဖြတ်တောက်တာ စတဲ့ စည်းကမ်းချက်တွေကို အလုပ်သမားတွေနဲ့ သင့်တော်တဲ့ အခြေအနေမျိုးနဲ့ ညှိနှိုင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေရဲ့တိုင်ကြားချက်မှာဖော်ပြထားပါတယ်။

 

 


Related posts

Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026