NEWS

လုပ်ငန်းခွင် မတော်တဆမှုကြောင့်လက်ချောင်းဖြတ်ရတဲ့ MOU အလုပ်သမား နစ်နာကြေးမရဘဲ အခက်ခဲဖြစ်နေ

CoverLogo
542 Views
 
ထိုင်းနိုင်ငံက ရေသန့်ဘူးအခွံ ပြုလုပ်တဲ့ စက်ရုံ မှာ MOU မြန်မာ အလုပ်သမား တစ်ဦး မှာ လုပ်ငန်းခွင် မတော်တဆ မှုကြောင့် လက်ချောင်း ဖြတ်ပစ်ရပေမယ့် နစ်နာကြေး မရတဲ့ အပြင် စက်ရုံက တာဝန်ယူမှု မရှိတဲ့ အတွက် ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံထားတယ်လို့ သိရပါတယ်။
၎င်း မြန်မာအလုပ်သမားဟာ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်၊ လမ်လုကာ ခေါင်း(7) တွင်ရှိတဲ့ (ရေသန့်ဗူးအခွံစက်ရုံ) မှာ အလုပ်လုပ်ဖို့ အတွက် မြန်မာနိုင်ငံဘက်မှ Poe Poe & Phyo Thandar TUN Family Co.,LTD နှင့် (၂)နှစ်စာချုပ်ချုပ်ဆိုဆိုခဲ့ပြီး လာရောက်ခဲ့တာ မှာ တစ်နှစ်နဲ့၃လ ခန့်ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလ ၃ရက်နေ့ က ညဆိုင်းဆင်းပြီး အိမ်ပြန် ခါနီး မနက် ၆နာရီ ၄၅မိနစ် အချိန်ခန့်တွင် စက်ရုံအတွင်းအလုပ်လုပ်နေစဉ် လုပ်ငန်းခွင်အတွင်း ရေသန့်ဗူး အခွံများ စိုင်ဖန်ပေါ်မျှောရာ မှာ ငြိမ်နေစေရန်လေစုပ်တဲ့ စက်အတွင်းကို မတော်တဆ ဘယ်ဘက်လက်ဝင်သွားပြီး လက်ညှိုး၊လက်ခလယ်၊လက်သန်းကြွယ်၊လက်သန်း (4)ချောင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
အခင်းဖြစ်ပြီး ပထုံဆေးရုံ မှာ ဆေးကုသမှုကို(၆) ရက် ကြာမျှခံယူပြီး လက်သန်းကြွယ် လက် (၁)ဆစ် ဖြတ်ပစ်လိုက်ရကာ ကျန် (၃)ချောင်းမှာ အကြောပြတ်သွားတဲ့ အတွက် အကွေးဆန့်လုပ်မရတော့ ဘူးလို့ သိရပါတယ်။
၂၀၂၄ခုနှစ် ဧပြီ ၉ရက်မှာ ဆေးရုံမှဆင်းရပြီး (၁)လ(၂ )ကြိမ်နှုန်းဖြင့် ပထုံဆေးရုံတွင် (4)ခေါက် ဘန်ကောက်ဆေးရုံတွင် (3)ခေါက် ပြန်လည်ပြသရတယ်လို့ သိရပါတယ်။
ဆေးကုသမှုကုန်ကျစရိတ် တွေ တော့ ကို ပကန်စံခွန်မှ ဖြတ်ယူခဲ့ပြီး လမ်းစရိတ် တွေ ကို တော့ မိမိဘာသာအကုန်ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။
အလုပ်မဆင်းဘဲ (၃)လကျော်နားရပေမယ့် လုပ်အားခ (၁)လစာ (၈၆၂၀)ဘတ်သာ စက်ရုံကထောက်ပံ့ပေးပြီး မည်သည့်တာဝန်ယူမှု တာဝန်ခံမှု မှမရှိတဲ့အပြင် အေဂျင်စီကို ထံအကြောင်းကြားပေမယ့်လည်း လုပ်ဆောင်ပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။
ဒါကြောင့်၎င်းရဲ့ ဆုံးရှုံးနစ်နာမှုအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးရရှိ ဖို့ အတွက် WAG-အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူညီတောင်းခံထားကာ WAGအဖွဲ့ အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026