NEWS

လုပ်ခလစာမက်လုံးပေးကာ ကုမ္ပဏီအသွင်ဖန်တီးပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ယူတာတွေရှိနေ

CoverLogo
512 Views

လုပ်ခလစာ မက်လုံးပေးကာ ကုမ္ပဏီပုံစံ အသွင် ဖန်တီးပြီး စစ်တပ်အတွင်းအမှုထမ်းရမဲ့ အလုပ်ခေါ်စာတွေ ကို လူမှုကွန်ယက်ကနေ ကြေညာပြီး လူငယ်တွေ ကို စစ်မှုထမ်းဖို့ ခေါ်ယူတာတွေရှိနေတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေနဲ့ လူမှုကွန်ယက်သုံးစွဲသူတွေထံကသိရပါတယ်။

ပြည်တွင်းမှာ အလုပ်ကိုင် ခွင့်လမ်းနည်းပါးပြီး လုပ်ခလစာ ရရှိမှု နည်းတဲ့ အတွက် လုပ်သားအများစု စားဝတ်နေရေး အခက်ခဲ ဖြစ်ပေါ်နေတာကို အခွင့်ကောင်းယူကာ လူအများစိတ်ဝင်စားမယ့် လုပ်ခလစာပမာဏ နဲ့ နေစား စရိတ်ငြိမ်း ပုံစံ အလုပ်ခေါ်တာတွေ လူမှုကွန်ယက်စာမျက်နှာမှာ ကြေငြာလာတာတွေ များလာတယ်လို့ သိရပါတယ်။

အမျိုးသားတွေကို  ပညာသင် ဝန်ထမ်းဆိုကာအတန်းပညာအလိုက် ပညာသင် ဝန်ထမ်းအဖြစ် နေရာအမျိုးမျိုးမှာ လုပ်ကိုင်ရန် နေစားငြိမ်း အပြင် သင်တန်းကာလ အတွင်း တစ်လကိုလစာ၂သိန်း ပေးကာသင်တန်းလေးလခွဲတတ်ရောက်ရမှာ ဖြစ်တယ် သလို ၅ နှစ် ပြန်လည်တာဝန်ထမ်းဆောင်ပေးရမယ် လို့ ကြော်ငြာတာတွေ လူမှုကွန်ယက်မှာပျံ့နှံ့နေပါ တယ်။

အလုပ်ခေါ်စာတွေ ကို သွားရောက်လျှောက်ထားရာ မှ စစ်မှုထမ်းဖို့ အတွက် ခေါ်ယူတာဖြစ်တယ် ဆိုတာသိရှိခဲ့ရသူတစ်ဦးက အခုလိုပြောပါတယ်။

"လိုင်းပေါ်ကနေ အလုပ်ခေါ်စာတွေ့လို့ ဖုန်းဆက်ကြည့်တော့  လူတွေ့ဖို့ခေါ်တယ် ဒါနဲ့ အင်တာဗျူး သွားဖြေတာ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းမှတ်တိုင်နားက ဝန်းထဲမှာ အထဲရောက်တော့ အသက်၂၀ အရွယ် ကောင်လေး ၂ယောက် အင်တာဗျူးနေတာ တွေ့ရတယ် သူတို့ပုံစံက တမျိုးကြီး အခု အင်တာဗျူးတာ ချက်ခြင်း လိုက်ခဲ့ရမယ် ဆိုတဲ့ပုံစံပြောနေတာကြားတော့ စိတ်ထဲဘဝင်မကျတာနဲ့ အသိအကိုတစ်ယောက်ကို ဖုန်းဆက်ပြီး အခြေနေပြောပြတော့ မင်း အခုပြန်ထွက်လာခဲ့ မဟုတ်ရင်မင်းစစ်မှုထမ်းနေရမယ် သူကသတိပေးတော့ ကျွန်တော်လည်း ကြောက်ပြီး ရုံးထဲကလူကို အပြင် ဖုန်းလေးသွားဆက်အုံးမယ်ဆိုပြီး ပြန်ထွက်ခဲ့တာ ကံကောင်းသွားတယ် အင်တာဗျူးဖြေနေတဲ့၂ယောက်တော့ ဘယ်လို ဖြစ်သွားလဲမသိတော့ဘူး""လို့ ကြုံတွေ့ခဲ့တာတွေ ကို ပြောပြပါတယ်။

လက်ရှိမှာ စစ်ကောင်စီ အနေနဲ့ အမျိုးသား တွေ ကို အသက် ၁၈ နှစ်မှ ၃၂ အထိ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ခွင့်ပိတ်ပင်ထားသလို  စစ်မှုထမ်းဖို့ အပတ်စဉ်အလိုက် ခေါ်ယူရာမှာ လက်ရှိမှာ အပတ်စဉ် ၄ အထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကာလ အတွင်း လူငယ်အများစုမှာ စစ်မှုမထမ်းလိုတဲ့ အတွက် ရှောင်တိမ်းတာတွေရှိနေပြီး စစ်ကောင်စီ ဘက်က လည်း စစ်သားလိုအပ်ချက် များနေတဲ့ အတွက် နည်းလမ်းမျိုးစုံသုံးကာ စစ်မှုထမ်းရန် ခေါ်ယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 


Related posts

Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026