NEWS

လုပ်ခလစာနဲ့စက်ရုံပိတ်နစ်နာကြေးရဖို့ စက်ရုံအတွင်းညအိပ်စောင့်ဆိုင်းနေစဥ် အလုပ်သမား ၂ ဦးဖမ်းဆီးခံထားရ

CoverLogo
851 Views

ဟွာမြောင်စက်ရုံ အလုပ်သမား ၂ ဦး လှော်ကားစခန်းမှာ လုပ်ငန်းရှင်မှအမှူဖွင့်ထားလို့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

စက်ရုံပိတ်သိမ်းကိစ္စ  လုပ်ခလစာနဲ့စက်ရုံပိတ်နစ်နာကြေးရဖို့ စက်ရုံအတွင်းညအိပ်စောင့်ဆိုင်းနေစဥ် အလုပ်သမား ၂ ဦးအထည်ခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လှော်ကားစခန်းမှာ ဖမ်းဆီးထိမ်းသိမ်းထားတယ် လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်( HONG MIAO Garment Co;Ltd)က စက်ရုံပိတ်လိုက်တာကြောင့် လုပ်ခလစာနဲ့စက်ရုံပိတ်နစ်နာကြေးရဖို့ အလုပ်သမားတွေ  စက်ရုံအတွင်းညအိပ်စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ လက်ရှိကတော့သူတို့ခေါ်ထားတဲ့လူတွေရှိနေတယ်။ သူတို့ဘက်ကတော့ သူဌေးရောမန်နေဂျာရော ဘာမှလာပြောတာမေးမြန်းတာမရှိဘူး။ ခုညတွင်းအလုပ်သမားသုံးရာလောက်ရှိတယ်။  ကလေးနို့တိုက်မိခင်နဲ့ကိုယ်၀န်ဆောင်တွေကတော့ ပြန်သွားပါတယ်။ ခုထိကတော့ရဲနဲ့စစ်တပ်ကခြိမ်းခြောက်တာတွေတော့ မရှိသေးဘူး။ သူတို့ကရှေ့မှာပါ။ ကျွန်တော်တို့ကတော့ စက်ရုံကပိတ်ထားတော့ ထမင်းစားဆောင်မှာပါ။ မီးလည်းမရှိတော့ ခြင်ကိုက်ထဲမှာပဲ မှောင်မဲထဲမှာပဲနေနေကြတယ်။ သူတို့ကခုစက်တင်ဘာရဲ့လစာကို ၅ရက်နေ့ပေးမယ်ပြေားထားတယ်။ ဒါပေမဲ့ စက်ရုံကပိတ်ထားတော့ လစာကဘယ်မှာသွားထုတ်ရမယ်။ ဘယ်မှာပေးမယ်တိတိကျကျမသိရတော့ ကျွန်တော်တို့ရဲ့လစာတွေကိုတော့စနေနဲ့တနင်္ဂနွေပိတ်ပြီး တနင်္လာနေ့မှာရချင်တာ  တိကျတဲ့အဖြေရချင်လို့ခုလိုစောင့်နေကြတာပါ။  စက်ရုံကပိတ်သွားပြီဗျာ။  ပိတ်သွားတော့လစာကိုတစ်ခါတည်းလိုချင်တာပါ။ ကိုယ်၀န်ဆောင်တွေကိုလည်း ငါးသောင်းစီပဲပေးမယ်လို့ပြောတယ်။ ငါးသောင်းကဆေးခန်းတစ်ခါပြစာတောင်မရှိပါဘူး။  ကိုယ်၀န်ဆောင်တွေအတွက်လည်း ရချင်တယ်။ တိကျတဲ့အဖြေတစ်ခုရချင်တယ်”လို့ အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။  

အဆိုပါစက်ရုံက စက်တင်ဘာလရဲ့လုပ်ခလစာကို အောက်တိုဘာ၅ရက်နေ့မှာပေးမယ်ဆိုကာ စက်ရုံပိတ်လိုက်တာကြောင့်  အလုပ်သမားတွေဟာ စက်တင်ဘာလရဲ့လုပ်ခလစာကိုတောစက်ရုံပိတ်တာနဲ့ထုတ်ပေးစေချင်တာကြောင့်  ပိတ်ရက်နှစ်ရက်ကိုစောင့်ဆိုင်းကာ ဒီကနေ့အောက်တိုဘာ၂ရက်မှလုပ်ခလစာရလိုတာကြောင့် စက်ရုံတွင်းသို့ရောက်ရှိနေကြတာပဲဖြစ်ပါတယ်။ 

အဲ့ဒီလိုရောက်ရှိနေပေမဲ့ အလုပ်ရှင်က အလုပ်သမားတွေကိုဖြေရှင်းတာမျိုး ညှိနှိုင်းတာမျိုးမရှိသလို အလုပ်သမား၀န်ကြီးဌာနတာ၀န်ရှိသူများကလည်း မေးမြန်းတာတွေလာရောက်တာတွေမရှိတာကြောင့် အလုပ်သမားတွေဟာ စက်ရုံတွင်းညအိပ်စောင့်ဆိုင်းနေရတာဖြစ်သလို  အလုပ်ရှင်ဘက်ကလည်း ရဲတပ်ဖွဲ့ကိုခေါ်ယူထားတယ်လို့သိရပါတယ်။  
“ စက်ရုံကိုပိတ်ထားပြီ။  ၅ရက်နေ့မှလစာလာထုတ်တဲ့။ နစ်နာကြေးရတဲ့သူက ၂၆ရက်နေ့မှလာထုတ်တဲ့ နစ်နာကြေးရတဲ့သူတွေက တစ်နှစ်ကျော်သမားတွေကတစ်လစာပေးမယ်။ ၆လသမားတွေက လ၀က်စာပေးမယ်။ ကျန်တဲ့အလုပ်သမားတွေကဘာမှမရဘူးပြောတယ်။ အလုပ်သမားတွေကလစာကိုတော့ ပိတ်တာနဲ့ရချင်တယ်။ စက်ရုံကပိတ်ထားတော့ မသေချာဘူး။ ကျွန်တော်တို့ကိုဘယ်နေရာမှာထုတ်ရမယ်ဘယ်အချိန်ဆိုတာအတိအလင်းမပြောဘူး” လို့ ဆိုပါတယ်။ 

အဆိုပါအလုပ်သမားတွေဟာ စက်ရုံပိတ်လိုက်တဲ့အတွက် ၆လမပြည့်တဲ့ သူတွေကိုလည်းပေးဖို့။ ကိုယ်၀န်ဆောင်သမားတွေလည်း ဖူလုံရေးကြေးမရှိတဲ့အတွက် နစ်နာကြေးပေးဖို့နဲ့ ပုတ်ပြက်သမားတွေအရင်ပေးတဲ့အတိုင်းပေးဖို့အပြင် စက်ရုံပိတ်သည်နှင့်လစ ပေးချေစေလိုတယ်စတဲ့  တောင်းဆိုချက်၄ချက်အတွက်စောင့်ဆိုင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။ 

စက်ရုံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများစွာကြောင့် သမဂ္ဂဖွဲ့စည်းရာက အလုပ်သမားသမဂ္ဂဖွဲ့၀င်ထားတဲ့ အလုပ်သမားများစွာကို အလုပ်ထုတ်လိုက်တာကြောင့် ပြဿနာဖြစ်ပွားခဲ့ရာ  ပြီးခဲ့တဲ့လ စက်တင်ဘာ၂၀ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှ  အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေ လုပ်ငန်းခွင်မှာပြန်လည်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီလို၀င်ရောက်ခဲ့ပေမဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၉ဦးကိုတော့ ပြန်လည်ခန့်အပ်ခဲ့ခြင်းမရှိခဲ့သလို  အခြားသောချိုးဖောက်မှုများစွာကို ဆက်လက်ညှိနှိုင်းမယ်လို့ဆိုခဲ့ပေမဲ့ ဆက်လက်ဖြေရှင်းခြင်းမရှိဘဲ အော်ဒါမရှိဘူးဆိုကာ စက်ရုံပိတ်လိုက်တာပဲဖြစ်ပါတယ်။

#MyanmarLabourNews 

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026