NEWS

လုပ်ခလစာတိုးမြှင့်ပေးဖို့ Mirae or New Way အထည်ချုပ် အလုပ်သမားတွေ လုပ်ငန်းခွင်ရပ်နားပြီး ဆန္ဒပြ

CoverLogo
2.4K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ဦးတရုတ်ကြီးလမ်း၊ တွင်ဖွင့်လှစ်ထားသော Mirae or New Way အထည်ချုပ် စက်ရုံအလုပ်သမားတွေ ဒီနေ့ စက်တင်ဘာလ၊ ၆ ရက်နေ့တွင် အလုပ်မှရပ်ဆိုင်းပြီး တောင်းဆိုမှုပြုလုပ်နေကြတယ်လို့သတင်းရရှိပါတယ်။

စက်ရုံတွင် နေ့စားအလုပ်သမားများကို ခေါ်ယူခိုင်းစေနေပြီး စက်ချုပ်၊ HP စသည်အလုပ်သမား (၁၀၀) ကျော်နီပါးရှိကာ စက်ချုပ်အလုပ်သမားများကို ‌‌ဒေးကြေး ၅၀၀၀ ကျပ်နှင့် ရက်မှန်ကြေး ၃၅၀၀၀ ကျပ်၊ HP အလုပ်သမားများကို ၃၆၀၀ ကျပ်နှင့် ခိုင်းစေနေပြီး  အမြဲတမ်း ဝန်ထမ်းများကို ဒေးကြေး ၄၈၀၀ ကျပ်နှင့် ရက်မှန်ကြေး ၁၅၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေး၊ နှစ်ကြေး စတာတွေ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

နေ့စားအလုပ်သမားတွေအနေနဲ့ စနေနေ့ နေ့ဝက် အချိန်ပိုကြေးနှင့် တနင်္ဂနွေ ပိတ်ရက်အတွက် ဒေးကြေးမရရှိဘဲ သီးသန့်စာချုပ်ဖြင့် လုပ်ကိုင်နေရတာဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့တွေအတွက် လုပ်အားခမရရှိကြောင်းကို လက်မှတ်ရေးထိုးထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့စားအလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခံစားခွင့် ခွင့်ရက်တွေ မရရှိဘဲ ဖူလုံရေးကြေး မပေးဆောင်ရတဲ့အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေလည်းမရရှိဘူးလို့ သိရပါတယ်။

စက်ရုံတွင်းမှာ အလုပ်သမား စုစုပေါင်း ၄၀၀ ကျော်လုပ်ကိုင်နေပြီး  နေ့စားအလုပ်သမားတွေက ၁၀၀ ကျော်ရှိကာ အမြဲတမ်းဝန်ထမ်းများအနေဖြင့် စက်ရုံတမိုးအောက်တွင် အတူတူလုပ်ရပြီး စက်ရုံအတွင်း ရပိုင်ခွင့်များသည် တန်းတူရရှိရေးနှင့် စျေးနှုန်းတက်မှုများကြောင့် စားဝတ်နေရေးခက်ခဲသည့်အတွက် လုပ်ခလစာ ကို တိုးပေးပါ ရန်တောင်းဆိုနေဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

"တောင်းဆိုချက်တွေကတော့ ရက်မှန်ကြေး ယခင်ပေးထားတဲ့ ၁၅၀၀၀ ကျပ်ကို ၂၀၀၀၀ ကျပ် ထပ်တိုး၍ စုစုပေါင်း ၃၅၀၀၀ကျပ် သတ်မှတ်ပေး ရေး ၊ ကျွမ်းကျင်ကြေး A၊ B၊ C အလိုက် ၅၀၀၀ကျပ် တိုးပေးရေး  ၊ နှစ်ကြေးကို သတ်မှတ်ထားသည့်အတိုင်း ၅၀၀၀ ကျပ်တိုးပေးရေးနှင့် ၈နှစ်မှ ၉ နှစ် အလုပ်သမားများအတွက် ( ၃၀၀၀၀ ) ကျပ်ညှိနှိုင်းပေးဖို့ ၊ သုံးလပြည့် အလုပ်သမားများကို အမြဲတမ်းဝန်ထမ်းခန့်ပေးရန်နှင့် ဝန်ထမ်းများအတူ ခံစားခွင့်ပေးရန်၊ သန့်ရှင်းရေးဝန်ထမ်းများကို (၃၀၀၀၀) ကျပ် တိုးပေးရန်၊  နေ့စားအလုပ်သမားများကို စနေ အချိန်ပိုများ၊ တနင်္ဂနွေကြေးများကို ဘက်ဒိတ်ဖြင့် ပြန်တွက်ချက်ပေးရန် စတာတွေ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေကို အလုပ်သမားတွေ အားလုံးကိုခံစားခွင့်းပေးဖို့ တောင်းဆိုထားပါတယ်"လို့ ဆန္ဒပြ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ KOL, Ping, Ziben စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။

MyanmarLabourNews

 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026