NEWS

လုပ်ခလစာတိုးပေးဖို့ အလုပ်သမား ၄၀၀ ကျော်လုပ်ငန်းခွင်အတွင်းဆန္ဒပြနေ

CoverLogo
849 Views
 
ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမား ၄၀၀ ဝန်းကျင် လုပ်ငန်းခွင်အတွင်းဆန္ဒထုတ်ဖော်နေတယ်လို့ သိရပါတယ်။
 
အဲ့ဒီလုပ်ငန်းခွင်ကတော့ SHU ANGXI MYANMAR GARMENI CO.Ltd မှာဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မက္ခရာမင်းသားကြီးမောင်ပျိုလမ်းမှာ တည်ရှိပါတယ်။လုပ်ငန်းခွင်မှာ‌တော့ အလုပ်သမားသမဂ္ဂမရှိဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တဲ့အဆိုပါ အထည်ချုပ်လုပ်ငန်းမှာ SPLENDID SATISFACTION ၊ HanTen စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
"၁၀ ရက်နေ့ကတည်းက စပြီးပြနေတာပါ အလုပ်ထဲမှာ မီးတွေပိတ်ပြီး လစာတိုးပေးဖို့ တောင်းဆိုနေတာပါ အလုပ်ရှင်ဘက်ကတော့ စစ်တပ်ခေါ်ထားတယ် "လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကတော့ ထောက်ပံ့ကြေးပါ ၁၁၀၀၀ ကျပ်ပေးရန် ရက်မှန်ကြေးကို ၁၅၀၀၀ ကျပ်ထပ်တိုးပေးရန် နှစ်ကြေးကို တနှစ်လျင် ၅၀၀၀ ကျပ်ပေးရန် စတာတွေဖြစ်တယ်လို့ သိရပါတယ်။
 
"တောင်းဆိုတာအဆင်တော့မပြေသေးဘူး အရင်က အလုပ်သမားဥက္ကဌလုပ်တဲ့ လူက တောင်းဆိုတဲ့အလုပ်သမားတွေကို ရန်လုပ်နေတာရှိတယ် သူ့ကိုမပြောဘဲ ဘာမှမရဘူးဆိုပြီးပြောနေတယ် အခုဖြစ်တာက အလုပ်သမားတွေက အဆောင်ခတွေ စားစရိတ်တွေလုံလောက်မှုမရှိတော့လို့ တောင်းတာပါ အေးအေးချမ်းချမ်းပဲတောင်းဆိုတာ"လို့ အလုပ်သမားကပြောပါတယ်။
အခုလို လုပ်ငန်းခွင်အတွင်း စုပေါင်းတောင်းဆိုမှုအတွက် အလုပ်ရှင်မှ စစ်ကောင်စီတပ်တွေမခေါ်ဘဲ ပြေလည်အောင် ညှိနှိုင်းဆွေးနွေးပေးရန် လိုလားနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026