ရန်ကုန်မြို့ ရွှေပြည်သာစက်မှု့ဇုန်ထဲမှာ လုပ်ကိုင်နေတဲ့ Asia Just Co.,Ltd ရဲ့မန်နေဂျာမှာအလုပ်သမားတွေအပေါ်လုပ်ခလစာခေါင်းပုံဖြတ်နေတဲ့အပြင် စက်ရုံစည်းကမ်းများကိုပါဖောက်ဖျက်ပြီးဝန်ထမ်းများအပေါ်နိုင့်ထက်စီးနင်းပြုမူနေတာတွေရှိနေတဲ့အတွက်ဒီကနေ့မှာပဲစက်ရုံလုပ်သားတွေမန်နေဂျာကိုတာဝန်ကရပ်ဆိုင်းပေးဖို့ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
မန်နေဂျာဦးစိုင်းလင်းထွန်းဆိုသူမှသူစိုက်ပျိုးထားတဲ့ပန်းတွေပျောက်တဲ့ကိစ္စနဲ့စက်ရုံအလုပ်သမတွေကိုရိုင်းစိုင်းစွာပြောဆိုတာတွေရှိခဲ့တဲ့အပြင်အရက်သေစာသောက်စားပြီးခိုက်ရန်ဖြစ်ပွားတာတွေပြုလုပ်ပြီးအလုပ်သမားတွေအပေါ်ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေရှိလာတဲ့အတွက်အခုလိုထုတ်ပယ်ပေးဖို့အထိဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။
အဆိုပါစက်ရံမှာ ဥရောပအထည်တွေ ချုပ်လုပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာလာရောက်လုပ်ကိုင်နေတာနှစ်ပေါင်း၂၀ ခန့် ရှိနေပြီလို့လဲသိရပါတယ်။
ယခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းစက်ရုံအလုပ်ရုံတွေနဲ့စက်ရုံရဲ့လက်ဝေခံတွေကအလုပ်သမားတွေအပေါ်နိုင့်ထက်စီးနင်းပြုမူပြီးလုပ်သားအခွင့်အရေးပြောင်ပြောင်တင်းတင်းချိုးဖောက်လာတာတွေရှိသလို NUG အစိုးရဖက်ကလဲ လုပ်သားခွင့်ရေးချိုးဖောက်သူတွေကိုအရေးယူမယ်လို့ပြတိပြတ်သားသားကြေညာထားပါတယ်။