NEWS

လုပ်ခလစာ မပေးဘဲ အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမား ၈ ဦး က NUG နှင့် MHAC ကိုတိုင်ကြားရာ လုပ်ခနှင့်နစ်နာကြေးများ ပြန်ရ

CoverLogo
655 Views

ထိုင်းနိုင်ငံ  စမူပကန်မြို့ရှိ ကော်စက်ရုံ တစ်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၈ဦး ကို စက်ရုံသူဌေးက လုပ်ခလစာ မပေးတဲ့ အပြင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်က ထုတ်ပယ်ခဲ့တဲ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမား ဝန်ကြီးဌာန နဲ့ (MHAC) မဟာမိတ်အဖွဲ့တို့ ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

အလုပ်သမားများ အကူအညီ တောင်းခံလာ တဲ့ အတွက်  (MHAC) မဟာမိတ်အဖွဲ့မှ အမှုကိုလက်ခံခဲ့ပြီး အလုပ်သမားများ၏ လုပ်ခလစာနှင့် နစ်နာကြေးများပြန်လည်ရရှိအောင် အန်ယူဂျီ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ပြီး စမူပကန်ရှိ ဆဝါဒီကန်ရုံး မှာ  သွားရောက်တိုင်ကြား အမှုဖွင့်ပေးခဲ့ ရာ အောက်တိုဘာ ၂၅ရက်မှာ  အလုပ်သမား (၈) ယောက်ရဲ့ လုပ်ခလစာ စုစုပေါင်း ဘတ် (၈၀၀၀၀) ကျော်ကို ကနဦး ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ကြိုတင်အကြောင်းမကြားပဲ အလုပ်ကထုတ်ပါယ်ခဲ့တဲ့ အတွက် နစ်နာကြေးငွေ တစ်ဦး ကို  (၁၆၀၀၀)ဘတ် စုစုပေါင်း အလုပ်သမား (၈)ဦး၏ နစ်နာကြေး (၁၂၈၀၀၀)ဘတ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာအလုပ်သမားအမျိုးသား၆ဦးနဲ့အမျိုးသမီး ၂ဦး တို့မှာ   ၎င်းကော်စက်ရုံ တွင် အလုပ်လုပ်ခဲ့သည်မှာ လုပ်သက် (၁) နှစ်မှ (၃)နှစ်ကြားရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025
Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025