NEWS

လုပ်ခမပေးတဲ့အပြင် ပတ်စပို့လုပ်ပေးမယ်ဆိုကာ ဘတ် ၁၅၀၀၀ စီကောက်ယူလို့ တိုင်ကြားထားရ

CoverLogo
539 Views

ထိုင်းနိုင်ငံ၊ ပါကျင်ပူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု မှာ လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ် သမား ၁၂ဦး ကိုလုပ်ငန်းရှင်က လုပ်ခ မပေးတဲ့အပြင် ပတ်စပို့ ပြုလုပ်ပေးမယ်ဆိုကာ တစ်ဦးလျင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ ထိ ကောက်ယူသွားလို့ အမှုဖွင့်ထားရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမား အရေး ကူညီပေးနေတဲ့ WAG  အလုပ်သမားမဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။ 

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက် မှ နိုဝင်ဘာလ ၁၃ ရက်အထိရရှိမယ့် လုပ်ခလစာ တစ်လစာ ကို မရှင်းပေးတဲ့ အပြင် ပတ်စပို့ လုပ်ပေးမယ်ဆိုကာ အမျိုးသား တစ်ဦးလျှင် ဘတ် ၁၅၀၀၀ နဲ့ အမျိုးသမီး တစ်ဦး လျှင် ဘတ် ၁၀၀၀၀ ကောက်ယူသွားကာ ပတ်စပို့စာအုပ်လည်း လုပ်ဆောင် မပေးဘူးလို့  ဆိုပါတယ်။ 

အခုလို လုပ်ခလစာ မရှင်းပေးတဲ့အပြင် စာအုပ်ဖိုးပါ ကောက်ခံရတာ မှာ မြန်မာအလုပ်သမား ၁၂ ဦးအပြင် က‌မ္ဘောဒီးယားအလုပ်သမား  ၆ဦး ပါ ပါဝင်တယ်လို့ သိရပါတယ်။ 

အလုပ်သမား ၁၈ဦး လုပ်အားခရဲ့ စုစုပေါင်း ဘတ် ငွေ ၄သိန်းကျော် မရရှိတဲ့ အတွက်  ၎င်းတို့ရဲ့ အခက်ခဲများကိုကူညီဖြေရှင်းပေးဖို့  WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကူညီတောင်းခံလာတယ်လို့ သိရပါတယ်။ 

""ထိုင်းမှာ ဖိုးလှမောင်းအများစုကဆောက်လုပ်ရေးတွေခိုင်းပြီးကလိမ်ကကျစ်နဲ့ လုပ်ခလစာမရှင်းပေးတာတွေအတော်များများကြုံတွေရတဲ့ တွက် ဖိုးလှမောင်းတွေကိုလဲသတိထားပီးရှောင်စေချင်ပါတယ်""လို့WAG-အလုပ်သမား မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။ 

ယခု အမှု နဲ့ ပက်သက်ပြီး နယ်မြေခံရှိ  မြို့နယ် ဆာဝါဒီကန်ရုံးသို့  အလုပ်သမားတွေ နဲ့ အတူ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026