NEWS

လိုင်စင်ရအေဂျင်စီ အချို့ တရားမဝင် လုပ်သားစေလွှတ်မှုများလာ

CoverLogo
593 Views
 
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ အချို့ ပြည်ပနိုင်ငံ တွေကို တရားမဝင် အောက်လမ်းကတစ်ဆင့် လုပ်သားစေလွှတ်တာ တွေ ပြုလုပ်လာတယ်လို့ အေဂျင်စီအသိုင်းဝိုင်းနဲ့ပြည်ပ အလုပ်သွားလုပ်ရန် လုပ်ဆောင်နေတဲ့ လုပ်သားတွေထံ က သိရပါတယ်။
 
စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မယ့် လုပ်သားတွေ နဲ့ ပို့ဆောင်ပေးတဲ့ လိုင်စင်ရအေဂျင်စီ တွေ ကို လုပ်ငန်းဆောင်ရွက်တာမှာ ကန့်သက်ပိတ်ပင်တာတွေ ပြုလုပ်လာပြီး နောက်ပိုင်း လိုင်စင်ရ အေဂျင်စီ အချို့ အခုလို တရားမဝင် အောက်လမ်းကနေ ပို့ဆောင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
 
"လိုင်စင်ရထားတဲ့ အေဂျင်စီ တွေ ကိုယ်တိုင် အောက်လမ်းကနေပို့ပေးတာတွေ လုပ်လာတယ် ထိုင်း ဆိုရင် စက်ရုံသူဌေးနဲ့တိုက်ရိုက်ချိတ် ပြီးတော့ ဒီကနေ မြဝတီ ကို ပို့တယ် ပြီးတော့ မဲဆောက်ဘက်ကို ကူးပြီး တစ်ဖက်မှာသူတို့ချိတ်ပေးထားတဲ့သူတွေလာခေါ်ပေးတယ် စက်ရုံထဲ အထိ ပို့ပေးတယ် အရင်ဆုံး ဘတ်ရိုက်မယ့်စာရင်း အရင်တင်ပေးပြီးတော့ မှ စာရင်းရပြီဆိုရင် ဒီဘက်က ပို့ပေးတာ ကုန်ကျစရိတ် သိန်း၄၀ ကျော်လောက်ပေးရတယ် အများစုက အမျိုးသား အသက်ငြိ တဲ့သူတွေကို ပို့တာများတယ် အေဂျင်စီ ဘက်က MOUနဲ့ သွားရင် ကြာမယ် ကန့်သက်ချက်ထဲ ပါနေရင် မသွားရတာတွေ ရှိမယ်အဲ့တော့ အခုလို အောက်လမ်းကနေ သွားလို့ရတယ် ဆိုတာမျိုးကို လုပ်သားကို ပြောပြ ပြီး ပို့ပေးကြတာ""လို့ အေဂျင်စီအသိုင်းဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် မလေးရှား နိုင်ငံ ကိုလည်း လိုင်စင်ရအေဂျင်စီ တွေ အနေနဲ့ တရားမဝင် အောက်လမ်းကနေ လုပ်သားပို့ဆောင်တာတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။
 
"ပြီးခဲ့တဲ့ နှစ်ကတည်းက မလေးရှားက နိုင်ငံခြားလုပ်သားခေါ်ယူတာရပ်ထားလိုက်ချိန်မှာ ဒီဘက်မှာက ပို့ဖို့ ကျန်နေတဲ့ လုပ်သားတွေ အတော်များများ ပိတ်မိသွားကြတယ် မလေးဘက်ကလည်း မဖွင့်သေး မြန်မာ ဘက်ကလည်း ကန့်သတ်ချက် အမျိုးမျိုးနဲ့ဆိုတော့ လိုင်စင်ရအေဂျင်စီ အချို့က သူတို့ ပို့ဆောင်ဖို့ ကျန်သေးတဲ့ လုပ်သားတွေကို အောက်လမ်းပို့တဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး မလေးဘက်ကို ပို့ပေးတာတွေ လုပ်လာတယ်အလုပ်သမားတွေဘက်ကလည်း သွင်းထားတဲ့ ငွေ တွေ ဆုံးမှာစိုးရိမ်ပြီး တရားမဝင် ဖြစ်ပေမယ့် သွားကြတာတွေရှိတယ်""လို့ အေဂျင်စီအသိုင်းဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
 
ပြည်ပအလုပ်ကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ တွေ မှ ပြည်ပ နိုင်ငံ တွေ ကို တရားမဝင် လုပ်သား စေလွှတ် တာတွေ ပြုလုပ်လာတာဟာ ပြည်ပထွက်ခွာ အလုပ် လုပ်ကိုင်မယ့် လုပ်သားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့လုပ်သားအခွင့်ရေးတွေ မှန်ကန်စွာမရရှိနိုင်မယ့်အခြေနေပိုများလာနိုင်တယ်လို့ လုပ်သားတွေကပြောပါတယ်။
 
"တရားဝင် သွားတာတောင် အေဂျင်စီ တွေ ဘက်က စာချုပ် ဖောက်ဖျက်တာတွေ များတာ အခုလို လိုင်စင်ယူထားပြီး အောက်လမ်းကနေပို့နေတယ်ဆိုတော့ အလုပ်သမားတွေအတွက် အခွင့်ရေးဆုံးရှုံးတာတွေပဲ ဖြစ်မှာ နောက် မသိနားမလည်တဲ့ နယ်မြို့ ဒေသ ကသူတွေ အနေနဲ့ အေဂျင်စီက ပို့တာ တရားဝင် တယ် လို့ ထင်မှာတွေ ရှိနိုင်တယ် အခုလို လိုင်စင်ရ အေဂျင်စီတွေ အောက်လမ်းကပို့ နေတာတွေ ကို ဝန်ကြီးဌာနဘက်က သေချာစိစစ်သင့်တယ် တရားဝင် သေချာပို့ပေးနေတဲ့ အေဂျင်စီတွေ ကိုလည်း ဖြေလျော့ပေးနိုင်တာတွေ ဖြေလျော့ပေးစေချင်တယ်""လို့ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ရန် ဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
 
လက်ရှိအချိန်ထိ လိုင်စင်ရအေဂျင်စီအချို့ တရားမဝင်လုပ်သား ပို့ဆောင်နေတာနဲ့ ပက်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနမှ စစ်ဆေးအရေးယူတာမျိုး မရှိသေးဘူးလို့သိရပါတယ်။
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026