NEWS

လိင်ပိုင်းနှောင့်ယှက်မှုအတွက် စစ်ဆေးမှုတွေကို ဖြေကြားဖို့ Dongxin စက်ရုံ သင်ကြားပေးနေ

CoverLogo
502 Views
 
Dongxin အထည်ချုပ် စက်ရုံအတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေဖြစ်ပွားခဲ့တာကို စစ်ဆေးမဲ့ အဖွဲ့အစည်း တွေကို ဖြေကြားဖို့ စက်ရုံအလုပ်သမားတွေကို ကြီးကြပ်ရေးမှူး တချို့က ကြိုတင် သင်ကြား ပေးနေတယ်လို့ အလုပ်သမာတွေက ပြောပါတယ်။
 
“ သင်ပေးတာက ခေါင်းဆောင်တွေပဲ။ စစ်ဆေးရေး တွေလာရင် လိုင်းပေါ်က သတင်းက မဟုတ်တဲ့ အကြောင်း၊ ဒီလို ကိစ္စတွေ စက်ရုံထဲမှာ မရှိဘူးဆိုတာ ပြောပေးဖို့ သင်ပေးနေတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဒီလို သင်ကြားပေးဖို့ကို HR မန်နေဂျာ အမျိုးသမီးကနေ ခေါင်းဆောင်တွေကို ညွှန်ကြားခဲ့တာလို့ သိထားပါတယ်။ Dongxin အထည်ချုပ် စက်ရုံအတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေက အထည်ဖြတ်(Cutting) ဌာနမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်တွေကို HR မန်နေဂျာဆီ ကာယကံရှင်တွေက တိုင်ကြားခဲ့ပေမဲ့ အရေးယူမှုတွေ မပြုလုပ်ခဲ့တဲ့ အပြင် တိုင်ကြားသူတွေကို အလုပ်ထွက်ဖို့အထိ ဖိအားပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Dongxin အထည်ချုပ် စက်ရုံလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင် နှောင့်ယှက်မှုတွေကို ငြင်းဆိုဖို့ သင်ကြားမှုတွေ အပြင် စက်ရုံသတင်းကို ဝင်ရောက်ဖက်ရှုတာ၊ သတင်းကို မျှဝေသူတွေကို ပြင်းပြင်းထန်ထန် သတိပေး ခြိမ်းခြောက်တာတွေကို ဌာန ခေါင်းဆောင်တွေက လုပ်ဆောင်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီကိစ္စက စက်ရုံထဲမှာ ရှင်းလိုရတယ်။ ဘာလို့ အပြင်ကိုသတင်းပေးရတာလဲ။ သတင်းပေးတဲ့သူကို ပြင်းပြင်းထန်ထန် အရေးယူမယ် ။နောက်ဆိုရင် ခေါင်းဆောင်တွေကိုလာပြောပါ ဆိုပြီး ပြောနေတယ်တယ်။ တိုင်တဲ့သူက တိုင်တာပဲ အရေးမယူတာက သူတို့.” လိုလည်း အလုပ်သမားတွေတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း Dongxin အထည်ချုပ် စက်ရုံမှာ အမျိုးသမီးအလုပ်သမားတွေကို နိုင်ငံခြားသား ကျွမ်းကျင်ဝန်ထမ်းတွေက ငွေကြေးနဲ့ စည်းရုံးသိမ်းသွင်းတာ၊ လိင်ပိုင်းဆိုင်ရာ နှောင်ယှက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါပြီးနောက် အခု ထပ်မံပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
 
Dongxin အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်းမြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃) ၊ နဝဒေးမင်းကြီးလမ်း မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ စက်ရုံလုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး လက်ရှိ HEAT ASSIST တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026