NEWS

လစာအပြည့်မပေးသည့်အပြင် အလုပ်ထွက်ရန် ဖိအားပေးမှုများကြောင့် Zenith Power Company ဝန်ထမ်းများ အခက်ကြုံနေဟုဆို

CoverLogo
1.4K Views

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် FMI အိမ်ရာအတွင်းက  Zenith Power Company Limited က ဝန်ထမ်းတွေဟာ လစာအပြည့်မရရှိဘဲ လုပ်ကိုင်နေရတဲ့အပြင် ပိုင်ရှင်ဖြစ်သူက အကြောင်းအရင်း မရှိပဲ အလုပ်ထွက်အောင် ဖိအားပေးတာတွေ လုပ်လာတဲ့အတွက် အခက်တွေ့ နေကြရတယ်လို့ MLN ကို ပြောပါတယ်။


"သူဌေးက အလုပ်သမားတွေကို လစာအကြွေးကျန်တွေ မရှင်းပေးချင်လို့ တမင်သက်သက် အလုပ် မထွက် ထွက်အောင် လုပ်နေတာပါ။  တိုင်းရေး ပြည်ရေးကလည်း မကောင်းတော့ ဘယ်သွားတိုင်လို့ တိုင်ရမှန်း လည်း မသိတော့ဘူး" လို့  Zenith Power Company ကဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 


အဲ့ဒီ ကုမ္ပဏီက ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီ လ အတွက် လစာကို လက်ရှိ အချိန်အထိ အပြည့်အဝမရရှိသေးတဲ့အပြင် လစဥ်လိုလို ၇ရက်ကနေ ၁၀လောက် နောက်ကျမှ လစာရရှိတဲ့ အတွက် အခက်အခဲတွေ ကြုံတွေ့နေ ရတယ်လို့ ဆိုပါတယ်။ 


"သူဌေးက အလုပ်သမားတွေ ကို လစာအကြွေးကျန်တွေ မရှင်းပေးချင်လို့ တမင်သက်သက် အလုပ် မထွက် ထွက်အောင် လုပ်နေတာပါ။ ဝန်ထမ်းတွေ အကုန်လုံးလည်း တော်တော် အဆင်မပြေဖြစ်နေကြတယ်။ မရှင်းပေးနိုင်ဘူး ဘာလုပ်ချင်လည်းဆိုတဲ့ ပုံစံမျိုး လုပ်နေတာပါ။  သူ့ပါးစပ်ကသာ မပြောတာပါ လုပ်နေတဲ့ ပုံစံ က အဲ့ဒီလိုမျိုးပါဗျာ"လို့ Zenith Power Company Limited က အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။ 


ဒါ့အပြင် ကိုဗစ်ကာလအတွင်းကလည်း အလုပ်သမားတွေကို လစာ ၃သိန်းရမယ့်ဝန်ထမ်းကို  ၂ သိန်းပဲ ပေး တာမျိုး ရှိတယ်လို့လည်း ပြောပါတယ်။ 


လက်ရှိ မတ်လလယ်ပိုင်း အထိရောက်လာပေမယ့် ဖေဖော်ဝါရီ လ က ကျန်ရှိနေတဲ့ လက်ကျန်လစာလို Zenith Power Company Limited က  ပေးချေတာမရှိတာကြောင့် နောက်လတွေမှာလည်း အခုလို ဆက်လုပ်နေမယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ အခက်အခဲတွေ ဆက်ကြုံရမှာ စိုးရိမ်နေကြတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။


Zenith Power Company Limited ဟာ မြန်မာနိုင်ငံ သားပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဝန်ထမ်း ၃၀ ကျော်လောက် လုပ်ကိုင်နေတဲ့ M&E ဆောက်လုပ်ရေး လုပ်ငန်း တွေ  လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026