NEWS

လစာဝင်​ငွေ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ လွှဲ​ပြောင်းခြင်းမပြုပါက ပြင်းပြင်းထန်ထန်အ​ရေးယူမယ်လို့  စစ်​ကောင်စီ အလုပ်သမား၀န်ကြီးဌာန​ခြိမ်း​ခြောက်

CoverLogo
629 Views

မိမိတို့ရရှိသည့် လုပ်ခလစာများကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ရန်သတ်မှတ်ခြင်းဆိုတဲ့​ခေါင်းစဥ်နဲ့ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့်အလုပ်သမား များသည် မိမိတို့ရရှိမည့် လုပ်ခလစာ၏ ၂၅% (၄ ပုံ ၁ ပုံ) ကို မိမိ၏မိသားစုဝင်များထံသို့ လစဉ် သို့မဟုတ် အများဆုံး ၃ လ လျှင် ၁ ကြိမ် တရားဝင်နည်းလမ်းတခုခုဖြင့် ပေးပို့ရမည်ဟု စစ်​ကောင်စီ အလုပ်သမား၀န်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်တာပါ။ 


သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်း လွှဲ​ပြောင်းခြင်းမပြု သည်ကို စစ်​ဆေး​တွေ့ရှိပါက ပြည်ပ အလုပ်ဖြင့်ထွက်ခွာမှု ပိတ်ပင်ခြင်း၊ OWIC ကတ်ထုတ်​ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့်မပြုခြင်းတို့လုပ်​ဆောင်မယ်လို့ ဆိုပါတယ်။ 


ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့လည်း  စေလွှတ်ထားတဲ့အလုပ်သမားတွေရဲ့ မိသားစုထံလွှဲပို့ငွေ၂၅ရာ ခိုင်နှုန်းအထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့အေဂျင်စီ တစ်ရာကျော်ကို Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခံထားရတယ်လို့ သိရပါတယ်။ 


ပြည်ပသို့ သွားရောက် အလုပ်လုပ်မဲ့အလုပ်သမားတွေဟာ ပြည်ပမထွက်ခွာမီ စာချုပ်ချုပ်ဆိုရာမှာ  ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ စစ်ကောင်စီ ဘဏ်များမှတစ်ဆင့် မဖြစ်မနေ ပြန်လည်ပေးပို့ရန်နဲ့ အခွန်နှစ်ရာခိုင်နှုန်းပေးဆောင်ရမဲ့ စာချုပ်ကို မဖြစ်မနေ ချုပ်ဆို လက်မှတ်ရေးထိုးဖို့ ပြည်ပလုပ်သားပို့အေဂျင်စီ​တွေကို စစ်ကောင်စီကအခုလို  ဖိအားပေး ဆိုင်းငံ့တဲ့အပြင် ပြည်ပသို့သွားရောက်လုပ်ကိုင်သူတွေကို  အသက်အရွယ်ပိုင်းခြားကန့်သတ်ထားပြီး  PJကနေ PV သို့ ပြောင်းလဲမှုကိုပါ ခွင့်မပြုတော့ဘဲပိတ်ပင်ထားတာပါ။ 


အကြမ်း ဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကိုအလုပ် အကိုင် နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်မပြုဘဲ ပိတ်ပင်လိုက်တာကြောင့်   လူငယ်လူရွယ်များမှာ ပြည်ပနိုင်ငံများသို့ နည်းလမ်းအမျိူးမျိုး  ပုံစံမျိုးဖြင့်ထွက်ခွာနေကြခြင်းအပေါ် အခုလိုကန့်သတ်နေတာဖြစ်တယ်လို့လည်း သုံးသပ်ချက်​တွေအရသိရပါတယ်။ 


Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026