NEWS

လစာလာထုတ်တဲ့အလုပ်သမား၃၀ကျော် လစာမရဘဲ ရိုက်နှက်ခံခဲ့ရ

CoverLogo
1.4K Views

အထည်ချုပ်စက်ရုံမှာ လစာ လုပ်ခလစာ လာထုတ်တဲ့ အလုပ်သမား ၃၀ ကျော်တို့ လစာမရဘဲ အလုပ်ရှင်ရဲ့ခိုင်းစေမှုကြောင့်  အလုပ်သမားများရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။

''သေချာတွက်ရင်သူတို့ရမှာက အများကြီးကျန်သေးတယ်။ သူတို့ဘက်ကပြောတာက မင်းတို့ရမှာငါတို့မသိဘူး  စာ​ရေးတွေရော အတန်းတက်တွေရောအကုန်အလုပ်ထုတ်ပြီး ဆိုတော့မသိတော့ဘူး။ ခုနောက်က နေ့စားတွနဲ့ လုပ်နေတယ်ပြောတယ်။ သူတို့ပေးတဲ့သုံးသောင်းလက်မခံဘူးပြောတော့ သူဌေးမက ထွက်သွားပြီး ရဲ့ နှစ်ယောက် စစ်သား နှစ်ယောက်ခေါ်ပြီး အလုပ်သမားတွေကိုရိုက်တော့ ရုန်းကန်ထွက််ပြေးလာကြတယ်။ သုံးယောက်ကတော့ အတော်လေးရိုက်ခံလာရတယ်'' လို့ မအိအိဖြူက ပြောပါတယ်

အလုပ်သမားတွေက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မွေးမြူရေးဇုံ အမှတ်(၆)ရွှေရင်အေးဘုရားလမ်း(လမ်းသွယ် ၁၀)မှာ ဖွင့်လှစ်ထားတဲ့ ( Likes View Tex Garment Co.Ltd ) အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတာဖြစ်ပီး ၅ဘလပိုင်း ၁၇ရက်နေ့က  အော်ဒါမရှိဘူး အလုပ်နားရမယ်ဆိုပြီး အလုပ်သမား (၅၀)ကျော်ကို နစ်နာကြေးမပေးတဲ့ အပြင် လစာနှင့် အောလင်း တစ်ပါတ်လုံးဆင်းပေးထားတဲ့ အိုတီကြေးပါမပေးဘဲ လကုန်ရင် လစာ လာထုတ်ပါဆိုကာ အလုပ်နားလိုက်ခြင်းဖြစ်ပါတယ်။

''အလုပ်သမားသုံးဆယ်ကျော်က ခုလ၂၀ရက်နေ့က စက်ရုံလုံခြုံရေးက လစာလာထုတ်ပါဖုန်းဆက်ခေါ်လို့သွားထုတ်တယ်။ မနက်တည်းကသွားတယ် သူဌေးမရှိဘူးဆိုလို့ ည၈နာရီအထိစောင့်ခဲ့ကြတယ်။ သူဌေးမရောက်လာတော့ လုံခြုံရေးခေါ်ပြီး  တစ်ယောက်ကို သုံးသောင်းစီထုတ်ပေးခဲ့တယ်။ အလုပ်သမားတွေကမကျေနပ်ကြဘူး။ သူတို့က သုံးလပိုင်းက လတစ်ဝက်စာကျန်သေးတယ်။ ထုတ်လိုက်တဲ့၅လပိုင်းထဲမှာလည်း လတစ်ဝက်စာကျန်တယ်။  အောလင်းတစ်ပတ်စာကျန်တယ်။  အိုတီနာရီ၂၀စာရဖို့ရှိတယ်''လို့ ဆိုပါတယ်။

အဆိုပါ စက်ရုံက  ယခုလ၂၀ ရက်နေ့မှာ အလုပ်သမားတွေကို လစာထုတ်ပေးမယ် ဖုန်းဆက်ခေါ်တာကြောင့် အလုပ်ထုတ်ခံရတဲ့၅၀ ကျော်အနက် အဆက်အသွယ်ရတဲ့ အလုပ်သမား ၃၀ ကျော်က  စက်ရုံအရှေ့  လစာလာထုတ်ခဲ့ရာ ည ၈နာရီမှာ  လစာ(၃၀၀၀၀)ကျပ်သာ ထုတ်ပေးတာ​ကြောင့် အလုပ်သမားတွေက အပြည့်ပေးဖို့ပြောဆိုရာမှ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ် ၂စီးနဲ့ စစ်သား(၂) ဦး ရဲ (၂)ဦးတို့က ဝင်ရောက်နိုက်နှက်ရာ အလုပ်သမားယောကျ်ားလေး ၃ဦးအရိုက်ခံခဲ့ရတာပါ။

ဒါကြောင့် အဆိုပါ အလုပ်သမားတွေမှာ  ယနေ့အချိန်အထိ နစ်နာကြေးမရ  လုပ်ခလစာပါ မရတဲ့အပြင် နစ်နာကြေးမပေးပဲ အလုပ်ထုတ်ခံရပြီး စစ်သားနဲ့ ရဲကိုပါခေါ်ပြီး အရိုက်ခံရတဲ့အဖြစ်ကို တာဝန်ရှိသူများနှင့် ကူညီပေးရန်  အကူညီတောင်းလာခြင်းဖြစ်တယ်လို့  ယင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့  FGWM အဖွဲ့ထံက သိရပါတယ်။

 

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026