NEWS

လစာတိုးပေးရေးတောင်းဆိုတဲ့အပေါ် စက်ရုံစစ်ဆေးရေးအဖွဲ့က အလုပ်ရှင်ဘက်ကရပ်တည်ဖြေရှင်းလို့ အလုပ်သမားတွေနစ်နာ

CoverLogo
398 Views
 
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)စက်မှုဇုန်၊အမှတ်(၈)၊ ဦးရွှေအိုးလမ်းသွယ်(၂) လမ်း မှာရှိတဲ့ Aqaba Factory Garment Co.,Ltd အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေက လုပ်ခလစာ တိုးရန်တောင်းဆိုနေကြတဲ့အပေါ် အစိုးရဘက်က စက်ရုံစစ်ဆေးရေးအဖွဲ့တွေကလာရောက်စစ်ဆေးဖြေရှင်းရာမှာ အလုပ်သမားတွေဘက်ကမရပ်တည်ဘဲ အလုပ်ရှင်ဘက်ကရပ်တည် ဖြေရှင်းပေးသွားတဲ့အပေါ် အလုပ်သမားတွေ နစ်နာမှုကြုံနေရတယ်လို့ဆိုပါတယ်။
 
Aqaba Factory Garment Co.,Ltd အထည်ချုပ် စက်ရုံ က တရုတ်နိုင်ငံသားပိုင်ဆိုင်ကာ Pull&Bear, တံဆိပ်ချုပ်ချုပ်လုပ်ပြီး အလုပ်သမား ဦးရေ ၆၀၀ ကျော်နဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့စက်ရုံတစ်ခုဖြစ်ပါတယ်။
 
အလုပ်သမားတွေ အနေနဲ့ လုပ်ငန်း ခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ စားဝတ်နေရေး အခက်အခဲ‌ တွေကို ပြေလည်စေဖို့အတွက် အလုပ်သ မား‌ တွေဘက်မှတောင်းဆိုချက် (၁၁)ချက်ကို ၇.၇.၂၀၂၅ရက်နေ့မှာ တောင်းဆိုမှုပြုလုပ်ခဲ့ကြရာယင်းတောင်း ဆိုတဲ့တောင်းဆိုချက်များနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနလက်အောက်က မြို့နယ်ပေါင်းစပ်အဖွဲ့မှာ (ပထမ)အကြိမ် ညှိနှိုင်းဖြေရှင်းရာ မှာပြေလည်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
 
ဒါပေမယ့် ဒုတိယအကြိမ်ရုံးချိန်းမှာ‌ တော့အလုပ်ရှင်ဘက်မှ လုပ်ငန်းခွင်ဘေးအန္တာရာယ် ကင်းရှင်းရေးအတွက် တောင်းဆိုချက်များကို လိုက်လျောပေးခဲ့‌ပြီး အလုပ်သမားများရဲ့ စားဝတ်နေရေး အခက်အခဲများစွာကိုဖြေ ရှင်းနိုင်ရန်အတွက် လုပ်ခလစာအပြင် အခြားဘောနပ်ကို တိုးမြှင့်တောင်းဆိုတဲ့အချက်‌ တွေကို‌ တော့လိုက် လျောပေးခြင်းမရှိခဲ့လို့အလုပ်သမား‌ တွေကအလုပ်မလုပ်ပဲ စက်ရုံအတွင်း ငုတ်တုတ်ထိုင်နေခဲ့ကြတယ်လို့သိရပါတယ်။
 
မြို့နယ်ပေါင်းစပ်အဖွဲ့နဲ့ (၅)ကြိမ်တိုင်တိုင် ညှိနှိုင်းဆွေးနွေးမှုမှာ ပြေလည်မှုမရှိတဲ့အတွက် အလုပ်သမားဝန်ကြီးဌာနရဲ့တိုင်းဒေသကြီးပေါင်းစပ်အဖွဲ့မှ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးကို လာရောက်ညှိနှိုင်းဆွေးနွေးပေးချိန် အလုပ်သမား‌ တွေကကောင်မွန်စွာဖြင့်ပြန်လည်ပြီး အလုပ်လုပ်ကိုင်ပေးပေမယ့် အစိုးရဌာဆိုင်ရာအသီးသီးမှလာရောက်ကြတဲ့ တိုင်းပေါင်းစပ်အဖွဲ့မှ လူကြီးမင်း တွေကအလုပ်ရှင်ဘက်ကပါဝင်သလိုအလုပ်ရုံထဲ လာရောက်စစ်ဆေးရာမှာ လည်း သမာသမတ်ကျမှု မရှိဘဲ အလုပ်ရှင်ဘက်သို့ ဘက်လိုက်ကာ ဖြေရှင်းဆောင်ရွက်နေ တဲ့အတွက်အလုပ် သမား‌ တွေအတွက် များစွာသော နစ်နာမှုတွေကြုံနေရတယ်လို့ ပြောပါတယ်။
 
ဒါကြောင့် Aqaba Factory Garment Co.,Ltd အလုပ်သမားတွေ ဟာ အလုပ်ရှင်ဘက်က လုပ်ခလစာ ကျွမ်းကျင်ကြေးတွေကို တိုးမြှင့်ပေးဖို့ ကိုသာ အဓိကတောင်းဆိုလိုကာနစ်နာမှုတွေကို ဖြေရှင်းပေးစေလိုကြောင်းသိရပါတယ်။

Related posts

Cover
Female Garment Workers Becoming Victims of Chinese “Rental Wife” and Paid Marriage Trafficking
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026