NEWS

လစာ ဘတ်တစ်သန်းကျော် မပေးသဖြင့် အလုပ်ရှင်အား မြန်မာလုပ်သားများ တိုင်ကြား

CoverLogo
385 Views
 
ထိုင်းနိုင်ငံ၊ အယုဒ္ဓမြို့က ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄၂ ဦးရဲ့ လုပ်ခလစာ ဘတ်တစ်သန်းကျော်ကို မရှင်းပေးတဲ့ အတွက် အလုပ်ရှင်ကို မြိုနယ်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(စဝါဒီကန်)မှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ဆီက သိရပါတယ်။
 
၂၀၂၅ခုနှစ် ဇန်နဝါရီလ ကနေ မတ်လ အထိ ၃လ ကြာ မြန်မာအလုပ်သမားတွေ အလုပ် လုပ်ပေးခဲ့ရပေမယ့် ဒီကနေ့အထိ ဆောက်လုပ်ရေးအလုပ်ရှင်က လုပ်ခလစာ ပေးချေတာ မရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။
 
မြန်မာအမျိုးသား အလုပ်သမား ၂၄ဦးနဲ့ အမျိုးသမီး၁၈ဦး စုစုပေါင်း ၂၄ဦး က ၃လ အတွက် လုပ်ခလစာ စုစုပေါင်း ဘတ် ၁၀၂၄၆၈၀ ရရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် အလုပ်သမားတွေရဲ့ လုပ်ခလစာတွေ ပြန်လည်ရရှိဖို စဝါဒီကန် ရုံးမှာ မေလ ၁၄ရက်က အလုပ်သမားတွေ နဲ့ အတူ MHACမဟာမိတ်အဖွဲ့က အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
 
"အလုပ်သမားတွေရဲ့ တိုင်ကြားမှုကို အယုဒ္ဓယ စဝါဒီကန်ရုံးက လက်ခံတယ်။ ပြီးတော့ လုပ်ခလစာ အားလုံးပြန်ရအောင် အလုပ်ရှင်သူဌေးကိုဆင့်ခေါ်ပြီး ဖြေရှင်းဆောင်ရွက်ပေးမယ် ပြောတယ် ။ အခုတိုင်ကြားတဲ့ အလုပ်သမားတွေ အနေနဲ့ အလုပ်လက်မဲ့ ဖြစ် နေရင်လည်း ဘန်ကောက်က ဆောက်လုပ်ရေးအလုပ်မှာ အလုပ်လုပ်ကိုင်နိုင်ဖို့ ကူညီပေးမယ်လို့ စဝါဒီကန်ရုံးက လူကြီးက တွေကပြောပါတယ်"လို့ MHACမဟာမိတ်အဖွဲ့က တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
 
လက်ရှိ ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းတွေက ဖိုးလက်မောင်း (တစ်ဆင့်ခံ အလုပ်လက်ခံသူ) ရဲ့ အလုပ်သမားတွေဟာ လုပ်အားခခေါင်းပုံဖြတ်တာ၊ လုပ်ခလစာ မပေးတာ၊ လုပ်အားခ လိမ်လည်တွေ တာတွေ ကြုံတွေ့နေရတယ်လို့ MHAC မဟာမိတ်အဖွဲ့ ဆီက သိရပါတယ်။
 

Related posts

Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026