NEWS

လက်မှတ်အတုထိုးတာ ဘာနစ်နာလို့လဲ ဟု အလညဦးစီးမှူးပြောဆို၊ WEI HUA (Myanmar) Garment Co.,Ltd စက်ရုံ အချိန်ပို ခေါ်မှု စစ်ဆေးရေးအဖွဲ့ မိ

CoverLogo
896 Views
 
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် EC မှာ အလုပ်သမားက လက်မှတ်မထိုးဘဲ စက်ရုံဘက်က လက်မှတ်အတုထိုးခဲ့တာကို "လက်မှတ်အတုကြောင့် ဘာနစ်နစ်လဲ" ဆိုပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (အလည) ဦးစီးမှူးက ပြောဆိုခဲ့တယ်လို့ မြေပြင်အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တဦးက Myanmar Labour News ကို ပြောပါတယ်။
 
WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံက အမျိုးသမီးလုပ်သားတဦးကို အလုပ်ထုတ်ခဲ့ပြီး EC စချုပ်မှာ လက်မှတ်အတု ထိုးခဲ့တာကြောင့် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာ ညှိနှိုင်းဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်က နောက်ဆုံးညှိနှိုင်းနေစဉ် လက်မှတ်အတုထိုးတာက အလုပ်သမားအတွက်နစ်နာမှု မရှိသလို (အလည) ဦးစီးမှူးက ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“လုပ်ငန်းရှင်က အလုပ်သမားတဦးရဲ့ လက်မှတ်အတုပြုလုပ်တာကို အလုပ်သမား ဘာနစ်နာလဲလို့ မပြောသင့်ဘူး။ လက်မှတ်အတုထိုးတာက ဥပဒေမဲ့တာ မဟုတ်ဘူးလား။ ဒီလိုသာ လက်မှတ်တုထိုးတာကို ခွင့်ပြုရင် အလုပ်သမားတွေက မနစ်တော့ဘူးလား။ နစ်နာတာ၊မနစ်တာက ဆုံးဖြတ်ခွင့် မရှိဘူး။ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ တာဝန်ပဲရှိတာ”လို့ ကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။
 
အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်ခန့်ထားမှုသဘောတူစာချုပ် EC ချုပ်ဆို ရပြီး စာချုပ်ကို ဥပဒေနဲ့ ညီမညီ၊ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက် သဘောတူမတူနဲ့ နှစ်ဖက် လက်မှတ်တွေကို အလညဦးစီးမှူးက စစ်ဆေးဖို့တာဝန်ရှိပါတယ်။
 
စစ်ကောင်စီက ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မှုကြောင့် ထိပ်လန့်နေတဲ့ အလုပ်သမားတွေကို WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံက အချိန်ပို ည(၈)နာရီ အထိ လုပ်ကိုင်ခိုင်း ခဲ့တာလို့ သိရပါတယ်။
"အော်ဒါအသစ်တွေ ထပ်ဝင်တော့ အချိန်ပိုကို ဥပဒေ ကျော်ပြီးခေါ်တယ်။ ပေါ်တာဆွဲတာတွေ လည်းရှိ တော့ ညီမတို့က အချိန်ပိုကို မဆင်းရဲဘူး။ မဆင်းနိုင်လို့ ပြောလည်း စူပါ၊ အောစူပါတွေက မဆင်းနိုင်ရင် နောက်နေ့ အလုပ် မလာနဲ့ လို့ ပြောတယ်” လို့ စက်ချုပ်အလုပ်သမားတဦးကပြောပါတယ်။
 
WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံကို ဖေဖော်ဝါရီ ၈ ရက်က မြို့နယ် အလုပ်သမားရုံးက စစ်ဆေးရေး အဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပေမဲ့လည်း စက်ရုံဘက်က ရွေးချယ်ပေးသူ တွေကိုသာ မေးမြန်းခဲ့သလို စစ်ဆေးမှုအပြီး အချိန်ပိုတွေ ဥပဒေကို တပ်မံ ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပို ဆက်လက်ခိုင်းစေတာကြောင့် အလုပ်သမားရုံးကို တိုင်ကြားခဲ့ရာမှာ ဖေဖော်ဝါရီ ၂၀ ရက်ည ၇ နာရီခွဲမှာ WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံကို စစ်ဆေးရေးအဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးခဲ့လို့ အချိန်ပိုကို ရပ်တန့်ပြီး အလုပ်ဆင်းပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ၇နာရီခွဲလောက် ပြန်လာရတယ်။ စစ်ဆေးရေးအဖွဲ့က ၁၀ ယောက်လောက်ပါတယ်။ အချိန်ပို လုပ်ခိုင်း နေတာ မိတာပေါ့။ ဘယ်လို အရေးယူမလဲတော့ မသိဘူး။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Wai Hua Myanmar အထည်ချုပ်စက်ရုံက ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီးလမ်းမှာရှိပြီး တရုတ်အမျိုးသားတဦး ပိုင်ဆိုင်ပါတယ်။ စက်ရုံမှာတော့ လုပ်သား ၆၀၀ ဝန်းကျင်နဲ့ MOHITO ၊ Hgtncalif၊ Hang Ten၊ Cortefiel ၊ Hamure စတဲ့ အမှတ်တံဆိပ်တို့တွေကို ချုပ်လုပ်နေပါတယ်။

Related posts

Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026
Cover
Myanmar Ming Fan အထည်ချုပ် အတင်းအကျပ် အချိန်ပိုခိုင်း၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်း
Jan 28, 2026
Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026