NEWS

ရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးများ သတ်မှတ်ချက်ကိုက်ညီပါက ထိုင်းနိုင်ငံသားလျှောက်ခွင့်ပြု

CoverLogo
285 Views
 
ထိုင်းနိုင်ငံမှာ ကာလ ကြာရှည် နေထိုင်လာတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ နဲ့ ကိုက်ညီပါက ထိုင်းနိုင်ငံသား ဖြစ်ခွင့် လျှောက်ထားနိုင်တယ်လို့ ဇွန်လ ၃၀ ရက် မှာ ထိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
၎င်း အမိန့်ကြော်ငြာစာ ကိုပြည်ထဲရေး ဒုတိယဝန်ကြီးလက်မှတ်နဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်တွေ နိုင်ငံသားဖြစ်ခွင့်ကို ပိုမိုလွယ်ကူလာစေ ကာ လျှောက်ထားမှု ကို တစ်နှစ် အတွင်းတင်သွင်းခွင့် ပေးထားတယ်လို့ သိရပါတယ်။
 
စည်းမျဉ်းသစ်အရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အကြား နိုင်ငံတော်ရဲ့ အစီစဉ်တွေအရ မွေးစာရင်း မှတ်ပုံတင်ထားသူတွေ ဖြစ်ရမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ကြောင်း သက်သေပြနိုင်မယ့်အထောက်အထားမွေးစာရင်း သို့မဟုတ် မှတ်ပုံတင် မှတ်တမ်းတို့ကို တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသား လျှောက်ထားမယ့် ကလေးတွေရဲ့ မိဘတွေဟာ လည်း ထိုင်းနိုင်ငံ အတွင်း အနည်းဆုံး ၁၅နှစ်ကြာ နေထိုင်ခဲ့ ကြောင်း ကိုလည်းအချက်အလက် ဖြင့် တင်ပြရမယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် လျှောက်ထားသူတွေက ထိုင်းဘာသာစကား၊ သို့မဟုတ် ၎င်းတို့နေထိုင်ရာ ဒေသ မှ အသုံးပြုတဲ့ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်ကြောင်းပြသရမှာ ဖြစ်ပြီး အသက်၇နှစ်အောက် ကလေးတွေနဲ့ စကားမပြောနိုင်သူတွေကိုတော့ ယခုသတ်မှတ်ချက်မှ ကင်းလွတ်ခွင့်ပေးတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
 
လျှောက်ထားသူတွေဟာ ကြီးမားတဲ့ရာဇဝတ်မှု ကျူးလွန်ထားသူ ၊နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက် တာမျိုး လုပ်ဆောင်ထားသူ မဖြစ်ရဘူးလို့ ဆိုပါတယ်။
 
နိုင်ငံသား ဖြစ်ခွင့်လျှောက်ထားလာသူက နိုင်ငံတော်အကျိူးစီးပွား ကိုထိခိုက်စေတဲ့ လုပ်ရပ်ကျူးလွန်လျှင် ဥပဒေနဲ့ အညီ ထိုင်းနိုင်ငံသား အဖြစ်ကနေ ပြန်လည်ရုတ်သိမ်းနိုင်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
 
ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှု ကို တစ်နှစ်အတွင်း တင်သွင်းရမှာဖြစ်ပေမယ့် လိုအပ်ပါက နောက်ဆုံးရက်ကို ထိုင်းအစိုးရဘက်က ထပ်တိုးနိုင်တယ်လို့ သိရပါတယ်။
Ref- - The Thaiger

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026