NEWS

ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့်အတွက် အထောက်အထား(ဝေါ့ပါမစ်)ကို ဒစ်ဂျစ်တယ်စနစ်ဖြင့်ပြုလုပ်ပေးမည်

CoverLogo
368 Views
 
ထိုင်းအစိုးရက ပြည်ပ ရွှေ့ပြောင်းလုပ်သားတွေ အတွက်အလုပ်လုပ်ခွင့်အထောက်အထား (ဝေါ့ပါမစ်) ကို ဒီဂျစ်တယ်စနစ်ဖြင့် ပြုလုပ်ပေးမယ်လို့ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေး ရုံးကကြေညာလိုက်ပါတယ်။
 
၎င်းကိစ္စရပ်နဲ့ ပက်သက်ပြီး အလုပ်အကိုင်စီမံခန့်ခွဲရေးဌာနက ဇူလိုင် ၃၀ ရက် သတင်းစာရှင်းလင်းပွဲ မှာ ပြည်ပရွှေ့ပြောင်းလုပ်သားတွေအတွက် ဝေါ့ပါမစ်နဲ့ပတ်သက်ပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ ပြုလုပ်မယ့်အစီစဉ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။
 
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား လုပ်သားတွေ အတွက် အလုပ်လုပ်ကိုင်ခွင့် ပါမစ် ဝန်ဆောင်မှု တွေ ကို ခေတ်မှီစေရန်နဲ့ ပိုမိုချောမွေ့လွယ်ကူစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
လာမယ့်စက်တင်ဘာ ၁ ရက် နေ့ကစပြီး လုပ်ဆောင်ပေးမှာ ဖြစ်ကာ ယခုစနစ် မှာ လျှောက်ထားသူတွေအနေနဲ့ အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်နိုင်မှာဖြစ်ပြီး အလုပ်လုပ်ခွင့်ပါမစ် လျှောက်လွှာတွေ ကို တစ်ရက်လျှင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ ပေးပို့နိုင်မှာဖြစ်ပြီး လျှောက်လွှာကြေး ကို အွန်လိုင်းမှ တစ်ဆင့်ပေးဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
ခွင့်ပြုချက် ရရှိပြီး တဲ့ လျှောက်ထားသူတွေဟာ မိမိတို့နှစ်သက်ရာ ဝန်ဆောင်မှု စင်တာတွေ မှာ ရက်ချိန်းယူပြီး အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို လူကိုယ်တိုင် ထုတ်ယူနိုင်မယ်လို့ ဆိုပါတယ်။
 
လတ်တလောမှာတော့ ထိုင်းနိုင်ငံ တဝန်း အလုပ်လုပ်ခွင့်ပါမစ် ထုတ်ပေးတဲ့ စင်တာတွေ ကို ဘန်ကောက်မြို့တွင် ၇နေရာ၊ အခြားခရိုင်တွေ မှာ ၃၃ နေရာ နဲ့ ရွှေ့ပြောင်းစနစ်နဲ့ လုပ်ဆောင်ပေးတဲ့ဌာန ၈ခုအထိ ဖွင့်လှစ်ပေးမယ်လို့သိရပါတယ်။
ဝေါ့ပါမစ်လျှောက်ထားရာမှာ ယခင်က မကောက်ယူခဲ့တဲ့ အချက်အလက်တွေကိုပါ ကောက်ယူမှာဖြစ်ပြီးဇီဝဗေဒနည်းပညာ အသုံးပြုပြီး ကိုယ်ရေးအချက်အလက် တွေကို စစ်ဆေးခြင်းပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
Ref-The Reporters

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026