NEWS

ရွှေ့ပြောင်းလုပ်သားတွေ ဆိုင်ကယ်၊ ဘေးတွဲနဲ့ စီးပွားရှာပါက ဒဏ်ကြေးပေးရမယ့် အပြင်နေရပ်ပြန်ပို့မယ်ဟုဆို

CoverLogo
141 Views
 
ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ဆိုင်ကယ်၊ ဘေးတွဲ များဖြင့် စီးပွားရှာ ခြင်း ပြုလုပ်ပါက ဒဏ်ကြေးပေးဆောင်ရမယ့် အပြင် မိခင်နိုင်ငံ ကိုပါ ပြန်ပို့မယ်လို့
 
ရနောင်းခရိုင်အလုပ်အကိုင်ရှာဖွေရေးနှင့်အလုပ်ကိုင်ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေ နဲ့ ဆိုင်ကယ်/ ဘေးတွဲမောင်းနှင်တာ ကို လုပ်ငန်းအတွက်မောင်းနှင်ခြင်းဖြစ်စေ/ အငှားမောင်းနှင်ခြင်းဖြစ်စေမောင်းနှင်ခြင်းမပြုကြ ဖို့ ကြေငြာ ထားပါတယ်။
 
"ကိုယ်ရဲ့ နေ့စဉ် လုပ်နေရတဲ့ အလုပ် တွေ မှာပဲ သုံးရမယ် ဥပမာ အလုပ်သွား အလုပ်ပြန် ပစ္စည်းဝယ် တာတို့ ကလေးကျောင်းကြိုပို့ တာတို့ ဆိုရတယ် အငှားကယ်ရီ လိုက်တာတို့ စီးပွားရှာတာမျိုးကိုတော့ မရဘူးလို့ သိရတယ်""လို့ ရနောင်းရှိ မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ထုတ်ပြန်ချက် ကို လိုက်နာခြင်းမရှိပဲ စစ်ဆေး တွေ့ရှိပါက ဖမ်းဆီးခြင်းခံရမှာဖြစ်ကာ ဒဏ်ကြေးအဖြစ် ဘတ်၅၀၀၀မှ ၅၀၀၀၀ အထိကျခံရမယ်လို့ ကြေညာထားပါတယ်။
 
ဒါ့အပြင် ဒဏ်ကြေးပေးဆောင်ပြီး ပါက လည်း မိခင်နိုင်ငံ ကို ပြန်လည်ပို့ဆောင်မယ် လို့ သတိပေးကြေညာထားပါတယ်။

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025