NEWS

ရွှေပြည်သာတွင် ကင်းစောင့်မစောင့်လိုပါက ကျပ် ၅၀၀၀ တောင်း

CoverLogo
462 Views

ရွှေပြည်သာမြို့နယ်က ရပ်ကွက်တချို့မှာ နေထိုင်သူတွေကို ကင်းစောင့်ဖို့ ပြောဆိုပြီး မစောင့်နိုင်ပါက ကျပ် ၅၀၀၀ အထိ တောင်းယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက အာဏာသိမ်း ပြီးနောက် ဧည့်စာရင်း တိုင်ကြားခိုင်းတာ၊ အလှည့်ကျ ကင်းစောင့်ခိုင်းတာတွေကို ဖိအားပေး ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

 

" ကင်းရုံ ဆောက်ဖို့ စေတနာရှိ သလောက်ထည့် ဆိုပြီး ပိုက်ဆံ အရင် ကောက်သွား တယ်။ နောက်ဆို အလှည့်ကျ ကင်းစောင့်ရမယ်။ မစောင့်နိုင်ရင် ကိုယ်စား စောင့်ပေးတဲ့သူကို တည ငါးထောင် ပေးရမယ်တဲ့။ ဘာအတွက် စောင့်ရ တာလည်း မေးတော့ မီးရေးလိုလို၊ ခေတ်မကောင်းလို့ ရပ်ကွက် လုံခြုံရေး အတွက် စောင့်ပေးရသလိုလို ရာအိမ်မှူးတွေက ပြောတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ 

 

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရပ်ကွက်အတွင်းကင်းစောင့်နေသူ တဦးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် သေးဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ပျက်ခဲ့လို့ လက်ရှိ ရာအိမ်မှူးတွေက အလှည့်ကျ ကင်းစောင့်ပေးဖို့ ဖိအားပေး ပြောဆိုလာတွေကို ပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

 

"အရင်က ရပ်ကွက်အလိုက် ကင်းစောင့်ကြဖူးတယ်။ရပ်ကွက်ထဲက လူတွေစုပြီး ကင်းစောင့်နေတာကို စစ်ကောင်စီ က တယောက်ကို ပစ်သတ် သွားဖူးတယ်။ အဲဒီတော့ ကြောက်ကြတယ်။ ကိုယ့်အိမ်သားက ညဖက် ကင်းစောင့် နေရင်း သူတို့တွေနဲ့ တွေ့မှာ စိတ်ပူတယ်။ နောက်ပြီး ကိုယ့်လူက မသွား နိုင်ရင် ပိုက်ဆံပေးရမယ် ဆိုတော့ စားဖို့ တောင် မနည်းရုန်းနေရတဲ့ ခေတ်မှာ တကယ်ကို အဆင်မပြေဘူး"လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဂာ လုံခြုံရေးအကြောင်းပြပြီး ဆိုင်ကယ်တွေကို ဖမ်းဆီးတာ၊ ဘေးတွဲ ဆိုင်ကယ်တွေကို ကင်းလှည့်ဖို့ ခေါ်ယူ အသုံးပြုတာတွေလည်း လုပ်ဆောင်နေပါတယ်။ ပဲခူးတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်သင်တန်းတက်ဖို့ ဖိအားစုဆောင်းမှုတွေ ရှိနေစဉ် မဖြစ်မနေ ကင်းစောင့်ရတဲ့ ပုံစံ ဖော်ဆောင်လာမှာကို ရန်ကုန်မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ 

 

 #MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026