NEWS

ရွှေပြည်သာက YFA အထည်ချုပ်စက်ရုံလုပ်သားတွေအလုပ်ရပ်စဲခံရ

CoverLogo
1.5K Views

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ ဖွင့်ထားတဲ့ YFA အထည်ချုပ်စက်ရုံက အလုပ်သမားအားလုံးကို နိုဝင်ဘာလ ၂၉ ရက်က အလုပ်မှ ရပ်စဲလိုက်တယ်လို့ သိရပါတယ်။

စက်ရုံမှာ တရုတ်နိုင်ငံနဲ့ ဂျပန်ကအပ်ထည်တွေကို ချုပ်လုပ်တာဖြစ်ပြီး အဲဒီစက်ရုံဟာ အလုပ်သမား ၃၀၀ ခန့် နဲ့ လည်ပတ်နေတာဖြစ်ပြီး ဖွင့်လှစ်ထားတာ ၆ လလောက်သာ ကြာမြင့်သေးပေမဲ့ နိုဝင်ဘာလ ၂၉ ရက်ညနေက အလုပ်သမားအားလုံးကို အလုပ်ကနေ ရပ်စဲကြောင်း အသိပေးခဲ့ပြီး နိုဝင်ဘာ၃၀ရက် ဒီကနေ့မှာ အလုပ်သမားတွေကို စက်ရုံထဲ ပေးမဝင်ဘူးလို့  STUM ကထုတ်ပြန် ဖော်ပြထားပါသေးတယ်။

" အလုပ်သမားတွေက ထမင်းစားနားချိန်ပြီး မုန့်စားချိန်မှာ အလုပ်သမားတစ်ဦးက လိုင်းထဲမုန့်စားလို့ ဖြစ်ရတာပါ။ သူတို့ရဲ့HR လား စူပါလားသူတို့ကမုန့်စားတာတွေ့တယ် သူတို့ကမုန့်မစားရဘူးဆိုတဲ့စည်းကမ်းချက်ရှိတယ်။ ခုသူတို့တော့စားလို့ရတယ်။ သူတို့တော့စားလို့မရဘူးဆိုတော့ ခွဲခြားဆက်ဆံတာလားဆိုတော့ မန်နေဂျာက ဒီစက်ရုံကစည်းကမ်းကငါသတ်မှတ်တဲ့စည်းကမ်းပဲ မလုပ်နိုင်ရင်ထွက်ဆိုပြီးဖြစ်တာပါ" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဲ့ဒီလိုဖြစ်ခဲ့တာကြောင့်  စက်ရုံတွင်းဝင်မရဘဲ ပြင်ပမှာရှိနေတဲ့အလုပ်သမားတွေကို လှော်ကားနယ်ထိန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်တာမျိုးတွေလည်း ရှိခဲ့ပြီး  လက်ရှိမှာတော့ စက်ရုံထဲမှာ အလုပ်ရှင်ကိုယ်စားပြုအဖွဲ့နဲ့ အလုပ်သမားများ ညှိနှိုင်းခဲ့ပြီး ညှိနှိုင်းမှုကို ဒီဇင်ဘာ၁ရက်နေ့ မွန်းလွဲတစ်နာရီမှာ ဆက်လက်ညှိနှိုင်းဖို့ချိန်းဆိုထားတယ်လို့ သိရပါတယ်။

သာဓုကန်စက်မှုဇုန်က YFA ဟာ ဝါးတရာစက်မှုဇုန်က YFA ရဲ့ ရုံခွဲ တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တာလို့ သိရပြီး အဲဒီစက်ရုံ နှစ်ရုံလုံးက အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများစွာ ရှိတယ်လို့ STUM က ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026