NEWS

ရွှေဈေးစံချိန်တင်တက်နေပြီး၊ အကျဘက်မရှိတဲ့ကုန်ဈေးနှုန်းနဲ့ ပြည်သူတွေ ရင်ဆိုင်နေရ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
244 Views
"မနက်ခင်း အဆာပြေဈေးတွေတင်ပဲ အခုချိန်မှာဈေးအပြောင်းအလဲတွေရှိလာပြီ လွန်ခဲ့တဲ့၃လလောက်က ငွေ၅ထောင်နဲ့ ထမင်းကြော်ကြက်ဥနဲ့တစ်ပွဲရယ် လက်ဖက်ရည်တစ်ခွက်ရယ်က အခုမနက်ပိုင်းမှာ ငွေ ၇၅၀၀ ကျပ်ပေးရှင်းခဲ့ရတာ ဘာမဆိုတက်နေပြီ လူတွေလည်း အချို့ဆိုငတ်တဲ့လူကငတ်နေကြပြီ"လို့ မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်နေကြ လုပ်သားပြည်သူတစ်ဦးကပြောပြပါတယ်။
 
ရွှေဈေးစံချိန်တင်တက်နေပြီး၊ အကျဘက်မရှိတဲ့ကုန်ဈေးနှုန်းနဲ့ ပြည်သူတွေ ရင်ဆိုင်နေရ
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
 
အောက်တိုဘာ ၁၇၊ ၂၀၂၅
 
ကမ္ဘာ့ရွှေဈေးအတက်နဲ့အတူမြန်မာ့ရွှေဈေး မှာ ပြင်ပပေါက်ဈေး ၈၈ သိန်းအထိရောက်လာလို့ စံချိန်တင်ရွှေဈေးတက်မှုဟာ ကမ္ဘာမှာရော မြန်မာမှာ ပါတက်ကိန်းကြုံနေပါတယ်။
 
အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက်ကတော့ ရွှေဟာ လက်လှမ်းမမှီတော့တဲ့ထဲပါလာ‌သလို ပြည်သူတွေအတွက် ရွှေထက်အရေးကြီးတဲ့ စားဝတ်နေမှု ကုန်ဈေးနှုန်းကလည်း ရတဲ့လစာထက် တက်နေ၊ လုံလောက်မှုရှိမနေဆဲဖြစ်နေပါတယ်။
 
စစ်ကော်မရှင် လက်အောက်ခံ အစိုးရက မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် သူ့ရဲ့ဝန်ထမ်းတွေနဲ့ပင်စင်စားတွေကို လစာတိုးမယ့်အစား အပိုထောက်ပံ့ကြေး ၃ သောင်းလို့ခေါင်းစဉ်တပ်ထောက်ပံ့တာကိုအခု အောက်တိုဘာလကုန်ကနေခံစားရတော့မယ်လို့ပြောထားသလို၊ ပြင်ပပုဂ္ဂလိကလုပ်ငန်းတွေရဲ့ လုပ်ခလစာအခြေခံနှုန်းထားမှာလည်း အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် တိုးပေးလိုက်တယ်ဆိုတာကြောင့် အခြေခံပြင်ပလုပ်ခလစားတွေရဲ့ နှုန်းထားဟာ ၇၈၀၀ ကျပ်နှုန်းထားကို တိုးမြှင့်လိုက်ပြီလို့ဆိုထားပါတယ်။
 
အပိုထောက်ပံ့ကြေး တိုးပေးတဲ့ လုပ်ခလစာနှုန်းထားဟာ ခေတ်စနစ်ကုန်ဈေးနှုန်းနဲ့ လျော်ညီတဲ့ နှုန်းထားတော့ ဟုတ်မနေပါဘူး။ နည်းပါးတဲ့လုပ်ခနဲ့ စံချိန်တင် ကုန်ဈေးနှုန်းတို့ကြား အခြေခံပြည်သူတွေဗျာများနေရပါတယ်။
ဒါကြောင့် အောက်တိုဘာ ၁၁ ရက်က စလို့ ယနေ့ အောက်တိုဘာ၁၇ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
 
အောက်တိုဘာ ၁၇ ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၇၀၅ကျပ် ၊ ၉၅ တစ်လီတာ ၂၇၉၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၀၀ ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ အောက်တိုဘာ ၁၆ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၇၃၀ကျပ်၊ ၉၅ တစ်လီတာ ၂၈၀၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၀၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၅၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၂၅ ကျပ်နှုန်း‌ ဈေးကျလာကာ နဲ့ ဒီဇယ်ဈေးက လည်း၅ကျပ်နှုန်းနဲ့ဈေးကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၉၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးအတိုင်းမပြောင်းလဲပဲသတ်မှတ်ထားတာပါ။
ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက် ဟာ အတက်ဈေးနဲ့ပဲငြိမ်နေတာဖြစ်ပြီး ပြင်ပရွှေပေါက်ဈေးကတော့ ကမ္ဘာ့ရွေဈေးတက်နေချိန်မှာ ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၈၈သိန်းအထိစံချိန်တင်ဈေးပေါက်နေပါတယ်။
ဒါဟာ ယခင်တစ်ပတ်တွေက တစ်ကျပ်သားသိန်း၈၀ကျော်ထက် ဈေးမြင့်တက်လာနေတာလည်းဖြစ်ပါတယ်။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ဈေးအနည်းငယ်ပြန်ကျလာပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်တာက ငွေကျပ် ၄၀၀၀ အကျော်ဈေး ကနေ လက်ရှိမှာ ငွေကျပ် ၃၉၀၀ ကျော်ဈေးကိုပြန်ရောက်လာလို့ အနည်းငယ်ဈေးကျလာတာပါ။
 
အမေရိကန်ဒေါ်လာ ၁‌ ဒေါ်လာဈေးက ဒီကနေ့ အောက်တိုဘာ ၁၇ ရက်မှာ ရောင်းဈေး ၃၉၉၅ကျပ်၊ ဝယ်ဈေး ၄၀၅၀ကျပ်ဖြစ်ရာ ထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၃ကျပ်ကျော်၊ ဝယ်ဈေး ၁၂၅ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၆၀ကျပ်၊ ဝယ်ဈေး ၅၇၅ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၈၀ နဲ့ဝယ်ဈေး၂၉၁ ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၉၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့ ၃၁၅၀ ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာလည်းဈေးပြန်တက်လာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၈၅ကျပ်အဖြစ် ‌ေအာက်တိုဘာ ၁၃ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာက ဆီဈေးသတ်မှတ်ချက်အတိုင်းသာဖြစ်ပါတယ်။
 
#ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
#ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
#ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ရာ
ရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ ၁၄၀၀၀ ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
 
#ကြက်ဥ#ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ #ပဲပြုတ်ဈေးမှာလည်း ၅၀၀ ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀ သားကို ငွေကျပ်၁၂၀၀နဲ့ရောင်းပေးပြီး #မုန့်ဟင်းခါး#အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
 
"မနက်ခင်း အဆာပြေဈေးတွေတင်ပဲ အခုချိန်မှာဈေးအပြောင်းအလဲတွေရှိလာပြီ လွန်ခဲ့တဲ့၃လလောက်က ငွေ၅ထောင်နဲ့ ထမင်းကြော်ကြက်ဥနဲ့တစ်ပွဲရယ် လက်ဖက်ရည်တစ်ခွက်ရယ်က အခုမနက်ပိုင်းမှာ ငွေ ၇၅၀၀ ကျပ်ပေးရှင်းခဲ့ရတာ ဘာမဆိုတက်နေပြီ လူတွေလည်း အချို့ဆိုငတ်တဲ့လူကငတ်နေကြပြီ"လို့ မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်နေကြ လုပ်သားပြည်သူတစ်ဦးကပြောပြပါတယ်။
 
#အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
 
ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
#ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့#ကြက်သားက ကြက်အကောင်လိုက်၊ အပိုင်းလိုက်များကို ဝယ်ယူသူများပြီး ဈေးနှုန်းလည်း ပုံမှန်အမြင့်ဈေးများအတိုင်းရှိနေပါတယ်။
 
ကြက်နီမတစ်ကောင် ၂၅၀၀၀ ကျပ်ဈေး၊ဒံပေါက်ကြက်များက တစ်ကောင် ၂၈၀၀၀-၃၀၀၀၀ ကျပ်ဈေး၊ ဗမာကြက်ဈေးက တစ်ကောင် ၃၅၀၀၀-၃၈၀၀၀ ကျပ်ဈေး၊အပိုင်းလိုက်ဈေးနှုန်းများထဲမှာ စီပီကြက်ပေါင်တစ်ပိုင်း ၅၀၀၀ ကျပ်၊ ကြက်ရင်ပုံတစ်ပိုင်း ၇၀၀၀ ကျပ်၊ ကြက်ခြေထောက်၊ကြက်ခေါင်း ၃ ခု ၂၀၀၀ ကျပ်၊ ကြက်သွေးတစ်တုံး ၂၅၀၀ ကျပ်ဈေး၊ စီပီကြက်တစ်ကောင် ၁၅၀၀၀-၁၆၀၀၀ ကျပ်ဈေး တစ်ဆယ်သားချင်းဈေးနှုန်း‌အ‌ေနနဲ့စီပီကြက်သားတစ်ဆယ်သား ၂၃၀၀-၂၄၀၀ ကျပ်၊ ကြက်တောင်ပံ တစ်ဆယ်သား ၁၇၀၀ ကျပ်၊ ကြက်အူတစ်ဆယ်သား ၁၅၀၀ ကျပ်၊ ကြက်သည်းကြက်မြစ် တစ်ဆယ်သား ၂၀၀၀ ကျပ်ဈေး တွေနဲ့ ဘဲသားတစ်ဆယ်သား ၃၀၀၀-၃၃၀၀ ကျပ်ဈေးရှိပြီး အကောင်လိုက်ဈေးနှုန်းများမှာ ဘဲတစ်ကောင် ၃၀၀၀၀ ကျပ်ဈေးရှိပါတယ်။
 
#အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၃၀၀၀၀ ကျပ်ဈေးကိုရောက်ရှိနေပြီး #ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဈေးကွက်ထဲက လူသုံးများတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆပ်ပြာမှုန့်၊ အချိုမှုန့် နဲ့ ပြည်ပကတင်သွင်းလာတဲ့ #ဟင်းခတ်ပစ္စည်း အချို့ကတော့ လက်ရှိမှာဈေးကွက်ထဲပြန်လည်ရောက်ရှိလာပေမယ့် ဈေးချိုသာမှုကတော့ရှိမနေပါဘူး။
#ဆေးဝါးတွေအနေနဲ့ ကတော့ ဈေးတက်နေဆဲဖြစ်ရာ ယခင် ငွေကျပ် ၇၅၀၀နဲ့ဝယ်ယူရရှိတဲ့အကြောအားဆေးအမျိုးအစားကို ငွေကျပ်၁၂၀၀၀ကျပ်အထိဈေးတိုးမြင့်ဝယ်ယူရတာမျိုးတွေရှိလာကာ
 
ပြည်တွင်းထုတ်ဆေးများကလည်း ကုန်ကြမ်းပရဆေး ဈေးမြင့်လာတာတွေကြောင့် ဈေးတက်လာတော့မယ်လို့ အသိပေးလာတာတွေရှိနေပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026