NEWS

ရွှေဈေး ပြန်တက်၊ ဒေါ်လာဈေးကျ၊ စက်သုံဆီဈေးမတည်ငြိမ်

CoverLogo
406 Views
 
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
စက်တင်ဘာ ၅၊ ၂၀၂၅
အခု စက်တင်ဘာလဆန်း ကစပြီး ရွှေဈေးက ရွှေအသင်းသတ်မှတ်ချက်မှာ တစ်သောင်းစ၊ နှစ်သောင်းစ တက်လာခဲ့ရာ ပြင်ပရွှေဈေးတွေလည်း ၇၇သိန်းကျော် ဈေးနဲ့မြင့်တက်နေပါတယ်။
 
အခြား ကုန်းဈေးနှုန်းတွေ အနေနဲ့က စားသုံးဆီဈေး ငွေကျပ်ရာကျော်ထပ်တက်လာကာ စက်သုံးဆီဈေး မှာ ဓာတ်ဆီဈေးကျကာ ဒီဇယ်ဈေးတက်လာပြီး ဈေးမတည်မငြိမ်ဖြစ်လာတာပါ။
 
ဒေါ်လာဈေး ကတော့ကျဆင်းနေပြီး အခြားနိုင်ငံ ခြားသုံးငွေကြေးတွေကတော့ ဈေးအပြောင်းအလဲသိပ်မဖြစ်တာတွေ့ရမှာပါ။
 
ဒါကြောင့် ဩဂုတ် ၃၁ ရက်ကနေစက်တင်ဘာ ၅ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
စက်တင်ဘာ၅ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၉၄၅ကျပ် ၊ ၉၅ တစ်လီတာ ၃၀၁၀အကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ၆၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၇၀ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ စက်တင်ဘာ ၄ ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၃၅ကျပ်၊ ၉၅ တစ်လီတာ ၃၀၂၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၃၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၄၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၁၀ ကျပ်နှုန်းနဲ့ ဒီဇယ်ဈေးက ၃၀ ကျပ်နှုန်းဖြင့်မဆိုသလောက်ဓာတ်ဆီဈေးတက်ကာ ဒီဇယ်ဈေးကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကနေ ၃၂၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၅၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးထက်တော့ ငွေကျပ် ၅၀၀၀၀ နှုန်းတစ်စတစ်စ ဈေးတက်လာတာပါ။
 
ရွှေဈေးက စက်တင်ဘာလဆန်းဖြစ်တဲ့၁ရက်ကစကာ ရွှေအသင်းက ဈေးသတ်မှတ်ချက်မြင့်တင်လာခဲ့တာဖြစ်ရာ စက်တင်ဘာ ၁ ရက်က ရွှေဈေးသတ်မှတ်ချက် ၅၉,၁၀၀၀၀ ကျပ် က ယခု၅ရက်ကြာအတွင်းမှာတော့ ၅၉,၅၀၀၀၀ ကျပ်ဈေးကိုမြှင့်တင်သတ်မှတ်လာတာပါ။
 
ပြင်ပ‌ရွှေဈေးက ၇၇သိန်းကျော် မှာရှိနေကာ ရွှေဈေးသိန်း ၈၀ လောက်အထိ ရောက်လာနိုင်ကြောင်း ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ မှာလည်း ဒေါ်လာဈေးဆယ်ဂဏန်း‌ ဈေးပိုကျလာရာအမေရိကန်ဒေါ်လာကာ ငွေကျပ် ၄၂၀၀ ကျော် ဝန်းကျင်ဈေးခုန်ဆင်းကာ ဒေါ်လာဈေးအကျဘက်ကို ရောက်ရှိလာ‌ပါတယ်။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက စက်တင်ဘာ ၅ ရက်မှာ ရောင်းဈေး ၄၂၃၀၊ ဝယ်ဈေး ၄၂၈၀ ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၇ကျပ်ကျော်၊ ဝယ်ဈေး ၁၃၈ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၈၂ကျပ်၊ ဝယ်ဈေး ၅၉၈ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၉၇နဲ့ဝယ်ဈေး၂၉၈ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၂၅၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၃၀၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာကတော့ ယခင်တစ်ပတ်ကထက် ငွေလဲနှုန်းဈေးပြန်တက်လာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၄၁၀ ကျပ်အဖြစ်စက်တင်ဘာ၁ရက်မှ စက်တင်ဘာ၇ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာက ဆီဈေးထက် ငွေ ၁၁၀ ကျပ် နှုန်းဈေးတက်လာတာဖြစ်ပါတယ်။
 
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၂ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ကာ ပဲဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၀၀၀ကျပ်၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၇၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၅၀၀ကျပ်၊ ဘဲဥတစ်လုံး ၆၀၀ ကျပ်အထိ‌ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
 
ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊
ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၂၀၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
" ထိုင်းဘက်၊ တရုတ်ဘက် နယ်စပ်ကုန်သွယ်ရေးတွေကိုထိန်းချုပ်ဖို့ပိတ်လိုက်တာက ဟိုဘက်က ကုန်ကစ္စည်းတွေအဝင်မရှိဘဲပြတ်သွားတယ်ကြားတယ်။အရင်က 108 တံဆိပ် ထိုင်းထုတ် ဆပ်ပြာမှုန့်က အများဆုံး၆၅၀၀ကျပ်၊ ၇၀၀၀ကျပ် ပဲရှိရာကနေအခု လက်ကားဒိုင်တွေမှာတင် ၁သောင်းကျော်သွားလို့ တင်မရောင်းတော့ဘူးလို့ ဈေးထဲက ကုန်စုံဆိုင်ကပြောတယ်။ ဆေးဆိုလည်း အရင်က နှာစေးပျောက်ဆေး စီထရင် က သူ့တံဆိပ်အတိုင်းမလာတော့ပဲ ရီဇင် ဆိုပြီး ဆေးဆိုင်တွေကထိုးရောင်းတယ်။ မူလဆေးအမျိုးအစား စီထရင်ကိုမေးရင် အတူတူပဲ အာနိသင်ကလို့ ပြောရောင်းရင်း အရင်ကဆေးတွေကသူ့တံဆိပ်အတိုင်း မဝင်လာကြ‌တော့ဘူးလို့ပြောနေကြပါတယ်"လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်ကပြောပါတယ်။
 
လူသုံးကုန်နဲ့ ဆေးပစ္စည်း ဈေးနှုန်းတွေကတော့ ဈေးကွက်ထဲမှာ ပစ္စည်း ပြတ်လပ်တာ မူလကဈေးတွေထက် ဈေးနှုန်းဆတိုးပေးဝယ်ယူနေရတာနဲ့ အာနိသင်တူဆေးဝါးတွေအစားထိုးသုံးစွဲရတာတွေရှိနေတယ်လို့သိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026