NEWS

ရေကြီးနစ်မြုပ်မှုကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၃၆ ဦးထိရှိလာ

CoverLogo
508 Views

တိုင်းနှင့်ပြည်နယ် တွေ မှာ ရေကြီးနစ်မြုပ်မှုကြောင့်  တရားဝင်သတင်းထုတ်ပြန် မှုအရ ၂၄နာရီ အတွင်း
သေဆုံးသူ ၃၆ဦးထိ ရှိလာတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ကာ စက်တင်ဘာ၁၂ရက် နေ့ ည၈နာရီခွဲ  အချိန်ထိ တပ်ကုန်းနှင့်မကျီးပင်မှ (၁၅၀)ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ (၁၂၉)ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗနှင့် ဝက်အင်းရွာမှ (၁၂)ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ (၇၀၅)ဦး၊ ပျဉ်းမနားနှင့် မအူပင်ရွာမှ (၂၄)ဦး၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနှင့် ကျွန်းဦးရွာမှ (၆၅၁)ဦး၊ ဝက်ကုန်းနှင့် ပေါက်တောရွာမှ (၃၉၉)ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ (၂၀)ဦး၊ ကင်းသာလမ်းခွဲနှင့် ပင်လောင်းလမ်းဆုံမှ (၁၈)ဦး၊ ရွာသစ်ကျေးရွာမှ (၅၇)ဦး၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘိုးဘွားရိပ်သာမှ (၃၀)ဦး၊ မကျီးပင်ကျေးရွာမှ (၄၈၂)ဦး၊ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ (၂၅၈)ဦး၊ ကျီးဖြူရိုး ၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနှင့် ပေါစံခေါရွာတို့မှ (၄၄၇)ဦး၊ လယ်ဝေး၊ ဟေမာန်ကျေးရွာနှင့် သစ်စိမ်းကျေးရွာတို့မှ (၁၅၀)ဦး၊ ကွမ်းခြံကျေးရွာမှ (၇၀)ဦး၊ စုစုပေါင်း နေရာ(၃၀)တို့မှ ရေဘေးသင့်ပြည်သူ (၃၆၀၂) ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကာ သေဆုံးသူ အမျိုးသား(၆)ဦး၊ အမျိုးသမီး (၁၃)ဦး၊ စုစုပေါင်း(၁၉)ဦး သေဆုံးတယ်လို့ ကနဦးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ၁၂ရက်နေ့ မနက် ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၁၅၁၁၃)စု၊ ကျား(၂၃၉၉၅)ဦး၊ မ(၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ပြီး ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီး ကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၁၀)ဦး (သေဆုံး)နဲ့ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလောင်း(၇)ဦး တွေ့ရှိရတဲ့ အတွက် စုစုပေါင်း ၁၇ဦးသေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ အချိန်ထိလည်း ရေကြီးနစ်မြုပ်တဲ့ မြို့နယ် ရပ်ကွက် ကျေးရွာ တွေ ပိုများလာ နေပြီး ကယ်ဆယ်ရေး
လုပ်ငန်းများ လုပ်ဆောင် ပေးလျက်ရှိတယ်လို့ သိရပါတယ်။
 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026