NEWS

ရုံးပိတ်ရက် သတ်မှတ်ပေမဲ့ စက်ရုံအများစု အချိန်ပို အတင်းအကျပ် ခိုင်းစေ

CoverLogo
596 Views
 
စစ်ကောင်စီက အစိုးရရုံးပိတ်ရက် ၅ ရက်ကို တရားဝင် ထုတ်ပြန်ကြေညာထားပေမဲ့ စက်ရုံအလုပ်ရုံ အများစု ပိတ်ရက်မပေးဘဲ အချိန်ပို အတင်းအကျပ်ခေါ်ယူ ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံတွေ မပိတ်ပေးဘူး။ အချိန်တွေဆင်းပေးကြရတယ်။ ဒဂုံဘက်မှာလည်း မပိတ်ကြဘူး။ စနေနေ့အချိန် ပို ဆင်းပေးရတယ်။ စနေနေ့ကို တရားဝင်ပိတ်ပေးထားတာတောင် ခေါ်ခိုင်းတယ်။ မဆင်းမနေ ခေါ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး အလုပ်သမားတွေက မေးကြတယ်။မဆင်းချင်ရင်မဆင်းကြနဲ့ ဖြစ်လာရင် အလရ ကလိုက်ရှင်းပေး လိုက်မယ်လို့ ပြောထားတယ်” လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ အလုပ်ပ်ိတ်ရက်တရားဝင်ကြေငြာချက်အပေါ်မှာ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနဲ့အ လုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ထပ်ဆင့်ထုတ်ပြန်ကြေငြာထားပေမဲ့ စက်ရုံအလုပ်ရုံတွေက အချိန်ိပိုတွေ ခေါ်ယူခိုင်းနေတာ ဖြစ်ပါတယ်။ အချို့ အလုပ်ရှင်ရဲ့သတ်မှတ်ရက်အတိုင်း အလုပ်မဆင်းပါက အလုပ်အကိုင်၊ လစာအတွက် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
အလုပ်သမား (၁၂၀၀) ဝန်းကျင် လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင် Mai Yi Bei Garment Manufacturing စက်ရုံမှာ တရား ဝင်ပိတ်ရက်အတွက်ဆိုပြီး အစားထိုးလုပ်ကိုင်းခိုင်းလို့ အလုပ်မဆင်းဘဲ ငြင်းဆန်သူတွေကို လုပ်ခလစာ မထုတ်ပေးဘူးဆိုပြိး ပြောဆိုတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
သာဓုကန်စက်မှုဇုန် Asialink (myanmar) Fashion စက်ရုံမှာလည်း ပိတ်ရက်မှာ အချိန်ပိုခေါ်ယူပြီး ညနေ ၄ နာရီမှ မပြန်ရဘဲ အောလင်း ဆက် ဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
“မပိတ်ကြဘူး။ လှိုင်သာယာ၊ ရွှေပြည်သာတင်မကဘူး။ အရှေ့ဒဂုံတို့ ဒဂုံဆိပ်ကမ်းတို့ဘက်တွေမှာလည်း မပိတ်ဘူးတဲ့။ တချို့ကတော့အချိန်ပိုကြေးပေးမယ်ပြောကြတယ်။တချို့ကတော့ အစားထိုးလို့ပြောကြ တယ်။ မဆင်းတဲ့သူတွေကို လစာဖြတ်မလား၊ အခြားခံစားခွင့်တိုင်တွေ ဖြုတ်မှာလား၊ ရက်မှန်ကြေးတွေ ဖြုတ်မှာလား ဆိုတာတွေလည်း ရှိသေးတယ်။ ဖြစ်လာရင်တော့ ဒီပြဿနာတွေအပေါ် အလရကပဲ ဘက်မလိုက်ဘဲ ဖြေရှင်းပေးရပါမယ်” လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။
တရားဝင်ပိတ်ရက်မှာ အချိန်ပို မဆင်းတဲ့အလုပ်သမားရဲ့ လစာ ဖြတ်မယ် မဖြတ်ဘူးဆိုတာနဲ့ အစားထိုး ဆင်းပေးထားရတဲ့ ရက်တွေကို အချိန်ပိုကြေးပေးမပေးဆိုတာ လစာထုတ်မှ သိနိုင်မှာလို့ အလုပ်သမားတချို့က ပြောဆိုထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026