NEWS

ရာသက်ပန်လိုင်စင်အသိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီ တွေကို လိုင်စင်အာမခံစပေါ်ငွေ ပြန်မထုတ်ပေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနကြေညာ

CoverLogo
489 Views

အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရကာ အလုပ်သမားဝန်ကြီးဌာန မှ ရာသက်ပန် လိုင်စင်ပိတ်သိမ်း ခံရတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ တွေ ကို လိုင်စင်အာမခံစပေါ်ငွေ ပြန်လည်ထုတ်ယူခွင့်မပေးတော့ဘူးလို့ အလုပ်သမားညွန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ရက် နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်စည်းကမ်း အပိုဒ်၄(င)အရ ပြစ်မှုတစ်စုံတစ်ရာ တွေ့ရှိတာကြောင့် လိုင်စင်ပိတ်သိမ်းခံရပါက လိုင်စင်အာမခံ စပေါ်ငွေ အဖြစ် ပေးသွင်းထားတဲ့ မြန်မာ ကျပ်ငွေ သိန်း၅၀ကို ပြန်လည် ထုတ်ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။

အဆိုပါ လိုင်စင်အာမခံ စပေါ်ငွေ ကို နိုင်ငံတော်ဘဏ္ဍာ သို့ ၂၀၂၄-၂၀၁၅ ဘဏာရေးနှစ် မှာ ပေးသွင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက အသိပေးကြေညာထားပါတယ်။

"တော်ရုံ အမှုကတော့ရှင်းလို့ရပါတယ်၊ အခုလိုင်စင်ရာသက်ပန် အသိမ်းခံရတဲ့ အေဂျင်စီ တွေ က အလုပ်သမားတွေစီက အတော်လေး လိမ်လည်သွားတာ အမှုတွဲ တွေ တော်တော်များကြတယ် ဒါကြောင့်လည်း ပိတ်သိမ်းခံရတာ"လို့ အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်တလောမှာ ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရတဲ့ အေဂျင်စီ တွေ မှာ  Lu kyaw ၊7 Star Hight ၊ Moe Shwe Sin၊ Myanmar Dargon pan cherry၊ property World၊ Myint Mo Phue Pwint ၊Yan Aye Services စတဲ့အေဂျင်စီ တွေပါအဝင် အေဂျင်စီ အခု ၂၀ ရှိတယ်လို့ သိရပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026