NEWS

ရမည်းသင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် ၁၀ ဦး သေဆုံးကာ လူဦးရေငါး​သောင်းကျော် ရေးဘေးသင့်

CoverLogo
617 Views

မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်တာကြောင့် ၁၀ ဦးသေဆုံးကာလူဦးရေ ၅၀၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ကနဦး သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ရေဘေးသင့်ပြည်သူအရေအတွက်မှာ အိမ်ထောင်စု(၁၅၁၁၃)စု၊ ကျား(၂၃၉၉၅)ဦး၊ မ(၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ဖြစ်ကာ ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီး ကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ ကျား(၂)ဦး၊ မ(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ မ(၁)ဦး၊ စုစုပေါင်း (၁၀)ဦး (သေဆုံး)ခဲ့တယ်လို့  မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေဘေးသင့်ပြည်သူတွေကို  ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီး သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စတဲ့ ရေဘေးရှောင်နေရာများနဲ့ နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မိုးရွာသွန်းမှုများနေပြီး  မြို့နယ် အတွင်းက ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်နေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေဆက်လက် လုပ်ဆောင်နေတယ်လို့သိရပါတယ်။

 


Related posts

Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026
Cover
အငှားအိမ်ရာ တိုက်ခန်း များ အား ပြန်လည် ငှားရမ်း၊ရောင်းချသူများကိုနေထိုင်ခွင့်ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်
Feb 21, 2026
Cover
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လစဉ်ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာများ ရင်ဆိုင်နေရ
Feb 20, 2026
Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026