NEWS

ရမည်းသင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် ၁၀ ဦး သေဆုံးကာ လူဦးရေငါး​သောင်းကျော် ရေးဘေးသင့်

CoverLogo
538 Views

မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်တာကြောင့် ၁၀ ဦးသေဆုံးကာလူဦးရေ ၅၀၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ကနဦး သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ရေဘေးသင့်ပြည်သူအရေအတွက်မှာ အိမ်ထောင်စု(၁၅၁၁၃)စု၊ ကျား(၂၃၉၉၅)ဦး၊ မ(၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ဖြစ်ကာ ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီး ကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ ကျား(၂)ဦး၊ မ(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ မ(၁)ဦး၊ စုစုပေါင်း (၁၀)ဦး (သေဆုံး)ခဲ့တယ်လို့  မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေဘေးသင့်ပြည်သူတွေကို  ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီး သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စတဲ့ ရေဘေးရှောင်နေရာများနဲ့ နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မိုးရွာသွန်းမှုများနေပြီး  မြို့နယ် အတွင်းက ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်နေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေဆက်လက် လုပ်ဆောင်နေတယ်လို့သိရပါတယ်။

 


Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025