NEWS

ရပ်ကွက်နေပြည်သူတွေနဲ့ စက်ရုံအလုပ်သမားတွေကို UID(ခေါ်)စမတ်ကတ်လုပ်ပေးရာ မှာ မှတ်ပုံတင် အတုတွေ စစ်ဆေးတွေ့ရှိဟုဆို

CoverLogo
1.4K Views

ဂဏန်းဆယ်လုံးပါ UID ခေါ် စမတ်ကတ် တွေ ကို ရပ်ကွက် နေပြည်သူတွေနဲ့စက်ရုံ အလုပ်ရုံ ရှိ အလုပ်သမားတွေ ကို  လုပ်ပေးရာ မှာ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အတု တွေ စိစစ်တွေ့ရှိတယ်လို့ လ၊ဝ၊က နဲ့ နီးစပ်သူတွေ ထံ ကသိရပါတယ်။

မှတ်ပုံတင် အတု ဆိုတာ တွေကိုလည်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး တွေရှိ ဝန်ထမ်း တွေ ကနေ တစ်ဆင့် ပြုလုပ်ထားကြတာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

"စမတ်ကတ် လုပ်ဖို့ မှတ်ပုံတင် တွေကိုစစ်လိုက်တော့ အသားတံဆိပ်မပါတာတွေ များတယ် မှတ်ပုံတင် ကတ်ကို မီးအလင်းရောင်နဲ့ ထိုးကြည့်ရင် လဝက အမှတ်သားတံဆိပ်လေးပါတယ် အခု စမတ်ကတ်လုပ်ဖို့ စစ်လိုက်တဲ့အခါ မှာ အတု တွေ တော်တော်လေးတွေ့ရတယ် သူတို့တွေကို မေးတော့ လည်း မြို့နယ် လဝက ဝန်ထမ်းတွေကနေတစ်ဆင့်အမြန် လုပ် ထားတာတို့  ရပ်ကွက်ထဲ က ရပ်ကျေးအဖွဲ့တွေကနေ တစ်ဆင့် လုပ်ထားတာ တွေ များတယ် အခုလို တွေတာ အရေးယူတာဘာညာတော့မကြားဘူး မှတ်ပုံတင် ပြန်လျှောက်ဖို့ တော့ပြောတယ် ""လို လှိုင်သာယာမြို့နယ်ရှိ လဝက ရုံးနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။ 

လက်ရှိ လုပ်ဆောင်နေတဲ့ UID (စမတ်ကတ်) ဟာ နိုင်ငံသားစိစစ်ရေးကတ် အရပ်အခေါ် မှတ်ပုံတင်နေရာမှာ ကိုယ်ရဲ့အချက်အလက်တွေကို ကွန်ပျူတာဆာဗာမှာ စနစ်တကျသိမ်းတဲ့စနစ်‌ဖြစ်တဲ့ စမတ်ကတ်ပုံစံနဲ့ပြောင်းလဲဖို့ လုပ်ဆောင်ခြင်း ဖြစ်ကာ
မှတ်ပုံတင်မှာပါဝင်တဲ့အချက်အလက်နဲ့ လဝကမှကွန်ပျူတာထဲသိမ်း ဆည်းထားတဲ့ ကိုယ့်အချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှု ရှိပါက ဂဏန်းUID စလစ် လေး ထုတ်ပေးတာ ဖြစ်ပါတယ်။

"" မှတ်ပုံတင် ထဲက အချက်အလက် နဲ့ သူတို့ ထဲ မှာရှိတဲ့ အချက်အလက် လွဲ နေရင် လည်း ထုတ်မပေးဘူး မှန်ကန်အောင် ပြန် လုပ်ရတယ် တချို့ နယ်က မှတ်ပုံတင် တွေ ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ နယ်က လဝက ရုံးကို ပြန်သွားပြင်ရတာမျိုး ဖုန်းနဲ့ ချိတ်ဆက်ပြီး ပြင်ခိုင်းရတာတွေ လည်းရှိတယ် အလုပ်ရှုပ်တာပေါ့ ဒီစမတ်ကတ်ကလည်း အခု ပြည်ပ ထွက်မယ့်သူတွေ ခရီးသွားမယ့် သူတွေ အတွက် က လို နေတော့ လဲ လုပ်ကြရတာပေါ့""လို့ စမတ်ကတ်ပြုလုပ်သူ ပြည်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်း ထုတ်ပြန်ချက်အရ  တနိုင်ငံလုံး အတိုင်း အတာ အနေနဲ့ E-ID database အတွင်း ကို စုစုပေါင်းလူဦးရေ ၇ဒသမ ၇သန်းကျော် ရဲ့အချက်အလက် တွေ ကို ဖြည့်သွင်းထားပြီး Unique IDနံပတ် ထုတ်ပေး ပြီး ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026