NEWS

ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိသဖြင့် နှာခေါင်းစည်းတပ်ရန် တိုက်တွန်း

CoverLogo
31 Views
 
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု မှာ အနီရောင်အဆင့်ကို ရောက်ရှိနေတာကြောင့်ပြည်သူတွေ သတိပြုနေထိုင်ကျရန်နဲ့ အပြင်ထွက်ရန် လိုအပ်ပါက နှာခေါင်းစည်းတပ်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှုးဒေါက်တာကြူကြူစိန် က အကြံပြုတိုက်တွန်းထားပါတယ်။
 
ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲ IQ Air ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှာ ကမ္ဘာ့လေထုညစ်ညမ်းမှုအဆင့် ၄ တွင်ရပ်တည်နေပြီး AQI (လေထုအရည်အသွေးအညွန်းကိန်း) မှာ ၂၁၀ တွင်ရှိနေကာနံနက် ၁၁ နာရီမှာတော့ ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိ​နေပြီး AQI (လေထုအရည်အသွေးအညွန်းကိန်း) မှာ ၁၈၉ သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
လေထုညစ်ညမ်းမှုကြောင့် လေထုအတွင်းမှာပျံ့နှံ့နေတဲ့ အမှုန်တွေရဲ့အရွယ်အစားကလည်း 2.5 micron အောက်ကို ရောက်ရှိနေတာ ဖြစ်တဲ့အတွက် သေးငယ်တဲ့အမှုန်လေးတွေဟာ အသက်ရှူလမ်းကြောင်းကို အလွယ်တကူ ဝင်ရောက်နိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ခံစားရနိုင်တယ်လို့ဆိုပါတယ်။
 
ဒါကြောင့် အတတ်နိုင်ဆုံး အိမ်ပြင်မထွက်ဘဲ နေထိုင်ကျဖို့နဲ့ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ သတိထားရန် မဖြစ်မနေ ထွက်ရ ရင်ပါက နှာခေါင်းစည်းတပ်ဆင်ကြဖို့ ဒုတိယညွှန်ကြားရေးမှုးဒေါက်တာကြူကြူစိန် က အကြံပြုတိုက်တွန်းထားပါတယ်။
 
အခုကာလဟာ ခြောက်သွေ့ရာသီဖြစ်တာကြောင့် လေထု ညစ်ညမ်းမှုဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် စက်ရုံတွေ၊ ယာဉ်ယန္တရားတွေ၊ အမှိုက်မီးရှို့တာတွေကနေ ထွက်လာတဲ့ အခိုးအငွေ့တွေကြောင့် မြို့ပြတွေမှာ လေထုညစ်ညမ်းမှု ပိုမိုဖြစ်ပွားကာ ဖေဖေါ်ဝါရီနဲ့မတ်လ တွေ မှာ ပိုမိုဖြစ်လာနိုင်တယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၄ ဦး လျှော်ကြေး ဘတ် ၁ သန်းကျော်ရရှိမည်
Feb 24, 2026
Cover
ထိုင်းရောက် CDM ဝန်ထမ်းများကို CI စာအုပ် ထုတ်မပေး
Feb 24, 2026
Cover
လမ်းလျှောက်နေစဉ် ကားဖြင့် တိုက်ခံရပြီး ဆုံးပါးသွားသည့် မြန်မာလုပ်သား အတွက် နစ်နာကြေး ဘတ်၁သန်းရရှိ
Feb 24, 2026
Cover
ဂျပန်သို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဆိုကာ ငွေလိမ်သွားသူကို ထိုင်းမှာပြန်တွေ့၍ မြန်မာသံရုံးသို့ တိုင်ကြားပြီး ငွေပြန်တောင်း
Feb 23, 2026
Cover
ဘန်ကောက်တွင် ဆေးစစ်ပြီး ပြန်လာသည့် မြန်မာလုပ်သားများစီးလာသည့် ကားမှောက်၊ မြန်မာလုပ်သားများ အပါ ၉ ဦး ဒဏ်ရာရ
Feb 23, 2026
Cover
မလေးရှားသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၂၅ဦး အဖမ်းခံရ
Feb 23, 2026
Cover
ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၃သိန်းကျော်အတွက် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးကာလ မတ်လအထိ ရက်တိုးမြှင့်ပေး
Feb 21, 2026
Cover
ထိုင်းရှိ ဖော့ဖျာပြုလုပ်သည့်စက်ရုံမှ မြန်မာလုပ်သား ၇၀ကျော် အလုပ်မှ အထုတ်ခံရ
Feb 21, 2026