NEWS

ရန်ကုန်ရှိ ထိုင်းသံရုံး တွင် ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်

CoverLogo
827 Views

ရန်ကုန် မြို့ မှာ ရှိ တဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ ကိုလျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့  ဇွန်လ ၅ရက် နေ့ မှာ ထိုင်းသံရုံး က  ကြေညာထားပါတယ်။

ရွှေ့ပြောင်းလုပ်သား ဗီဇာ ( Non-LA Visa )များကို တစ်ရက်လျှင် အယောက် (၄၀၀) နှုန်းဖြင့် လျှောက်ထားနိုင်ပြီး ပြည်ပကိုတရားဝင်လုပ်သားပို့ဆောင်ပေးနေတဲ့ MOU ကုမ္ပဏီ တွေ အနေနဲ့ ဝက်ဆိုက် မှ တစ်ဆင့် ဘွတ်ကင် ယူပြီး မှသာလျှောက် ထားနိုင်တယ်လို့ ဆိုပါတယ်။

ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်များက  အစိုးရ ရုံးဖွင့်ရက် (၃) ရက်ခန့် ကြာမြင့်မှာ ဖြစ်ပြီး ဗီဇာ လျှောက်ထားမယ့်သူတွေအနေနဲ့  ချမှတ်ထားတဲ့  စည်းမျဉ်းများအတိုင်း လိုက်နာလျှောက်ထားစေလိုတယ်လို့ သံရုံးက အသိပေးထားပါတယ်။

လိုက်နာရမယ့်အချက် တွေအနေနဲ့ သံရုံး website မှတဆင့် ဘွတ်ကင်တင်ရန်လိုအပ်ခြင်း၊ မိမိရရှိတဲ့ ရက်ချိန်းအတိုင်း သံရုံးသို့ဗီဇာလာရောက်လျှောက်ထားရန်၊ လျှောက်ထားတဲ့ ဗီဇာရရှိပြီးပါက မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဗီဇာစာမျက်နှာပေါ် မှာ  မှန်မမှန်သေချာစစ်ဆေးရန် မှန်ကန်မှသာ လေကြောင်းလက် မှတ်ဝယ်ယူခြင်းပြုလုပ်ရန်တို့ အသိပေးထားပါတယ်။

ဗီဇာရရှိပြီး ချိန် ကစပြီး  ရက်ပေါင်း (၉၀) အတွင်းအကျုံးဝင်တာကြောင့်  MOU ကုမ္ပဏီတွေ အနေနဲ့  ထွက်ခွာရန်လိုအပ်တဲ့ အခြားပြင်ဆင်မှုတွေ ကို ၎င်းအချိန်တွင်း မှာ ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

ထို့အပြင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန မှ  ရွှေ့ပြောင်းလုပ်သားဗီဇာများအားနေထိုင်ခွင့် (၂) နှစ်ကို အခကြေး ငွေထပ်မံကောက်ခံခြင်းမရှိဘဲ စတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ပြုပေးထားကာ  မိမိ၏ လိုအပ်ချက်နှင့် ပေါ့လျော့မှုများကြောင့် ဖြစ်ပေါ်လာတဲ့  နောက်ဆက်တွဲပြသနာတွေ ကိုတော့ သံရုံးမှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အ သိပေးထားပါတယ်။

ထိုင်းနိုင်ငံ သို့  MOU အလုပ်သမားများ စေလွှတ်ရာ မှာ မြဝတီ မှ မဲဆောက်သို့ လည်းကောင်း၊ ကော့သောင်း မှရနောင်း သို့ လည်းကောင်း ကားဖြင့်စေလွှတ်ခဲ့ ပြီး ၂၀၂၄ ခုနှစ် ဧပြီ ၂၉ရက်မှ စကာ ရန်ကုန်လေဆိပ်မှ ဒွန်မောင်းလေဆိပ် သို့ လေကြောင်းဖြင့်စတင် စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026