ဇူလိုင် ၂၅၊ ၂၀၂၆
ပြည်တွင်းက အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် -မြန်မာ(STUM) ဟာ ရန်ပုံငွေအခက်ခဲကြောင့် ပုံမှန် ဝန်ဆောင်မှု များ အားလုံးကို ရက်အကန့်အသတ်မရှိရပ်နားလိုက်ကြောင်း ဇူလိုင်၂၅ရက်မှာ အသိပေးကြေညာပါတယ်။
STUMရဲ့ ကြေညာ ချက်ထဲတွင် ၂၀၂၅ခုနှစ် ဇူလိုင် ၂၅ရက် မှာ STUM အဖွဲ့သားအားလုံးကို မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ဘဏ္ဍာရေး အခက်အခဲ များ ကို အတတ်နိုင်ဆုံး ကြိုးပမ်း၍ ၁နှစ်တိတိကြံကြံခိုင် ရင်ဆိုင် ဖြေရှင်းခဲ့ပေမယ့် လက်ရှိအချိန်တွင် ရန်ပုံငွေ အခက်ခဲကြောင့် ဆက်လက်ရပ်တည် ရန် မဖြစ်နိုင်တော့တဲ့ အတွက် ၂၀၂၆ခုနှစ် ဇူလိုင်၂၅ရက်က စတင်ကာ STUM က ဆောင်ရွက်ပေးနေတဲ့ ပုံမှန်ဝန်ဆောင်မှု များ အားလုံးကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း အသိပေးကြေညာထားပါတယ်။
အလုပ်သမားအခွင့်ရေးဆောင်ရွက်နေတဲ့ STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးအပါအဝင် အဖွဲ့ဝင် ၁၁ ဦးကို စစ်ကော်မရှင်က ပြီးခဲ့တဲ့၂၀၂၅ခုနှစ် ဇူလိုင်လ မှာ နေအိမ်နဲ့ ရုံးကိုဝင်ရောက်ဖမ်းဆီးကာ ရုံးပိုင်ပစ္စည်းများကိုသိမ်းယူခဲ့ပါတယ်။
ထို့နောက် အဖွဲ့ဝင် ၁၁ ဦးအနက် တစ်ဦးကို စစ်သားစုဆောင်းရေးထဲ ပို့ခဲ့ပြီး ကျန် ၁၀ ဦးကို ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံ၀န်အက်ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) ရန်ကုန်ရှိ မြို့နယ်တရားရုံး သုံးခုတွင် စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်ထွေအုပ်က သီးခြားစီတရားစွဲဆိုအမှုဖွင့်ခဲ့ကြောင်းသိရပါတယ်။
အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကို အမှုရုပ်သိမ်း၍၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ပြန်လွှတ်ပေးခဲ့ပြီးအဖွဲ့ဝင် ကိုးဦးကိုတော့ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ တွင် ပြန်လည်လွှတ်ပေးကြောင်း သိရပါတယ်။
HTH









