NEWS

ယူနီဗာဆယ် အထည်ချုပ် အလုပ်တက်ဆင်း မှတ်တမ်းမဝင်ပါက ကျပ် ၅၀၀ ချက်ချင်း ပေးဆောင်ရ

CoverLogo
653 Views
 
ယူနီဗာဆယ် အထည်ချုပ်စက်ရုံ Universal Apparel Co,Ltd က အလုပ်တက်ဆင်း မှတ်တမ်းစက်ထားရှိပြီး အဲဒီ စက်မှာ မှတ်တမ်းမဝင်ပါက ကျပ် ၅၀၀ ကို ချက်ချင်းပေးဆောင်ရတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။
 
“ စက်မှတ်တမ်းမှာ အကြောင်းကြောင့် မဝင်ဘူးဆိုရင် ၅၀၀ ကို မိုက်နဲ့ အော်တောင်းတော့တာပဲ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
"အလုပ်ဝင်ထွက် မှတ်တမ်းစက် ထားရှိတာ၂ နှစ်ကျော်လောက်ရှိပါနေပြီ ယူနီဗာဆယ် အထည်ချုပ်က တပေါက် တည်း ရှိတဲ့ ဝင်ထွက်ပေါက်မှာ ထားရှိထားတယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။ အဲဒီလို့ စက်နဲ့ မှတ်တမ်းယူပြီးနောက်မှာလည်း စက်ရုံ စာရေးမတွေက အလုပ်တက်စာရင်းကို နောက်ထပ် ကောက်ယူတယ်" လို့လည်း ပြောပါတယ်။
 
စက်ရုံစာရေးမတွေက မှတ်တမ်းကောက်ယူမှုတွေ ပြုလုပ်ပေမဲ့ အလုပ်သမားတွေ စက်မှတ်တမ်းမဝင်ပါက ကျပ် ၅၀၀ လက်ငင်းပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်တက်ချိန်မှာ မှတ်တမ်းပြုလုပ်တာ အဆင်ပြေပေမဲ့ အလုပ်ဆင်းချိန်မှာတော့ အလုပ်သမားများပြားတာကြောင့် အတွက် မှတ်တမ်းမဝင်တဲ့ အလုပ်သမား အများအပြားရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေတော့ စက်က အဲတာ (Error) တက်မှန်းမသိဘဲနဲ့ မှတ်တမ်းမဝင်တိုင်း ပိုက်ဆံပေးနေရတာ။ အဲဒီပိုက်ဆံလည်း ဘယ်သူက ဘာလုပ်နေတယ်ဆိုတာလည်း မသိရဘူး။ မှတ်တမ်းမထင်လို့ ဆိုပြီး နေ့တိုင်းလိုလို ပိုက်ဆံ ဖြတ်ခံနေရတာ ။ “ အလုပ်သမား တဦးက ပြောပြပါတယ်။
 
ယူနီဗာဆယ် အထည်ချုပ်စက်ရုံ Universal Apparel Co,Ltd ကတော့ ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာရှိပြီး စက်ရုံကိုတော့ ကိုရီယားနိုင်ငံသား ပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပြီး ELCORTE, MOORES, DUMRP, Dutmp စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်ကာ အမေရိကန်၊ ကနေဒါနဲ့ ကိုရီယားနိုင်ငံတွေကို တင်ပို့နေတယ်လို့လည်း ပြောကြားထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026