NEWS

ယာဉ်ပေါ်မှ အမှိုက်ပစ်ချခြင်း၊ ကွမ်းတံထွေး ထွေးခြင်းပြုလုပ်ပါက ဒဏ်ငွေ ၁၀သိန်း ပေးဆောင်ရမည်ဟုကြေညာ

CoverLogo
391 Views
 
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ လမ်းမပေါ် သို့ ယာဉ်များပေါ်မှ စည်းကမ်းမဲ့ အမှိုက်ပစ်ချခြင်း၊ ကွမ်းတံထွေး ထွေးခြင်း ပြုလုပ်ပါက ဒဏ်ကြေးငွေ ကျပ် ၁၀သိန်း ပေးဆောင်ရမယ်လို့ ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားပါတယ်။
 
ပဲခူးမြို့ရှိ ခရီးသွားပြည်သူတွေ အနေဖြင့် မိမိတို့စီးနင်းလိုက်ပါလာ တဲ့ ယာဉ်များပေါ်မှ စည်းကမ်းမဲ့အမှိုက်များပစ်ချခြင်း၊ ကွမ်းတံထွေးများ ထွေးခြင်း မပြုလုပ်ကြဖို့ အသိပေးကြေညာထားပါတယ်။
 
အကယ်၍ အမှိုက်ပစ်ချခြင်း ကွမ်းတံထွေး ထွေးခြင်း တွေ့ရှိပါက စီမံခန့်ခွဲရေး ပြစ်ဒဏ်အနေဖြင့် ဒဏ်ကြေးငွေ ကျပ်(၁၀)သိန်း ဒဏ်ရိုက် ခံရမယ့် အပြင် သက်ဆိုင်ရာယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်နှင့် ယာဉ်လိုင်း၊ ယာဉ်ဂိတ်အား ပိတ်သိမ်းခြင်းခံရမှာ ဖြစ်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
 
"စည်ပင်က လက်ကမ်းကြော်ငြာစာရွက်တွေ ဝေတာ ယာဉ်တွေပေါ်ကနေ အမှိုက်ပစ်မချဖို့ကွမ်းတံထွေးမထွေးချဖို့ သတိပေးတာပေါ့ ဘယ်တော့ အရေးယူမယ် တော့ မရေးထားဘူး ဒါပေမယ့် ခရီးသွားပြည်သူတွေ သတိထားစေချင်တယ် ဒဏ်ကြေးငွေက မနည်းဘူး လေ""လို့ပဲခူးမြို့မှဒေသခံတစ်ဦးကပြောပါတယ်။
 
ခရီးသွားပြည်သူတွေက လည်း မြို့နယ် အာဏာပိုင်တွေအနေနဲ့ ယာဉ်ပေါ်မှ စည်းကမ်းမဲ့အမှိုက်များပစ်ချတာကို ဒဏ်ရိုက်မယ့်အေပါ် စည်းကမ်းမဲ့ ယာဉ်လိုင်းတွေနဲ့ ယာဉ်မောင်းသူတွေ ကို လည်း ထိရောက်စွာ စစ်ဆေး အရေးယူ တာတွေ ပြုလုပ်စေချင်တယ်လို့ ခရီးပြည်သူတစ်ဦးကပြောပါတယ်။
 
""ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေ တော်တော်များများ စည်းကမ်းမဲ့ကြတယ် ခရီးအဆုံးထိ ပို့ပေးတာရှားတယ် ဂတ်စ်ကုန်တော့မှာမို့ ဆိုပြီး တခြား ကားပြောင်းပေးတာတွေ နောက်ဆုံး YBS ကားနဲ့ ပြောင်းတင်ပေးတာတွေ လုပ်တဲ့အတွက် ခရီးသွားပြည်သူတွေ စိတ်အနှောက်ယှက်ဖြစ်ရတယ် ကားခ ဆိုလည်း ညနေ ၄နာရီ နောက်ပိုင်းဆို ကားခ ကသတ်မှတ်အတိုင်းမဟုတ်တော့ဘူး ပိုတောင်းယူကြတယ် ခရီးသည်က ပြောရင်လည်း မချေမငံဆက်ဆံတယ် ဒီလို စည်းကမ်းမဲ့တာတွေကိုလည်း သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူစေချင်တယ်လို့""ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။
 
လက်ရှိတွင် ပဲခူးမြို့နယ် အတွင်း ဒေသအာဏာပိုင်တွေက လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေ၊မော်တော်ယာဉ်တွေ ကို စစ်ဆေး ဖမ်းဆီးဒဏ်ရိုက်တာတွေ နေ့စဉ်ပြုလုပ်လျက်ရှိရာ ယခုထပ်မံပြီး ယာဉ်ပေါ်ကနေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် တာကို ပါ ဒဏ်ကြေးနဲ့ပြစ်ဒဏ်ပေးဖို့ကို သတိပေးကြေညာခြင်းဖြစ်ပါတယ်။
 
ပဲခူး မြို့ အတွင်း ပဲခူး-ရန်ကုန် အဝေးပြေးယာဉ်တွေ၊မြို့နယ်အတွင်းပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေနဲ့ ကုန်တင်ယာဉ်တွေ အပြင် ပဲခူး စက်မှုဇုန် အတွင်းမှ လုပ်သားအကြိုအပို့ ယာဉ်တွေလည်း ဖြတ်သန်းသွားလာမှု များတယ်လို့သိရပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026