NEWS

ယခုလအတွင်း ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၁၃၀ ကျော်ကို စစ်ကော်မရှင်ထံ လွှဲပေး

CoverLogo
171 Views
 
ယခုဖေဖေါ်ဝါရီ လ အတွင်း မှာ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး တဲ့ မြန်မာနိုင်ငံသား ၁၃၀ကျော်ကို စစ်ကော်မရှင် လက်အောက် ရှိ တာဝန်ရှိသူတွေထံ လွှဲပို့ပေးခဲ့တယ်လို့ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက် တွေ အရ သိရပါတယ်။
 
ဖေဖေါ်ဝါရီလ ၂ရက် နေ့မှာ မြန်မာအမျိုးသား ၄၃ဦး၊အမျိုးသမီး ၁၅ဦးနဲ့ ကလေး၃ဦးတို့ကို ရနောင်းမြို့ဆိုင်ရာမြန်မာသံရုံးတာဝန်ခံ နဲ့ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူတွေက ပူးပေါင်းပြီး ရနောင်းမြို့ ပန်းနာရပ်ကွက်ရှိအကောက်ခွန် လှေဆိပ် မှ တစ်ဆင့် မြန်မာပြည် ကော့သောင်းဘက်ကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
 
ထပ်မံပြီး ဖေဖေါ်ဝါရီ ၁၉ရက် မှာတော့ အမျိုးသား၅၃ဦး၊အမျိုးသမီး၁၇ဦးတို့ ကို နှစ်နိုင်ငံ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရနောင်း မှတစ်ဆင့် ကော့သောင်း ဘက်ကို လှေဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ယခုလ အတွင်း ပြန်လည်ပို့ဆောင်ခံရသူတွေ ထဲမှာ သက်ကြီးရွယ်အို အဘိုးဘွားတွေနဲ့ ကလေးငယ်တွေပါ ပါဝင်တယ်လို့ ရနောင်းရှိ မြန်မာလုပ်သားတွေထံမှ သိရပါတယ်။
 
အခုလို ပြစ်ဒဏ်ကျပြီးတဲ့ မြန်မာ နိုင်ငံသားတွေကို ပြန်ပို့တာမှာ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၅ရက်က မြန်မာနိုင်ငံသား၇၇ဦး၊ဇန်နဝါရီ ၁၃ရက်မှာ ၉၄ဦးကို ရနောင်းမှ တစ်ဆင့်ကော့သောင်းဘက်သို့ပို့ဆောင်ပေးခဲ့သလို၊ဇန်နဝါရီ ၂၀ရက် မှာကချနဘူရီခရိုင် သံဖြူဇရပ်လမ်းကြောင်းကနေဘုရားသုံးဆူကျေးရွာရှိ ကူးသန်းရောင်းဝယ်ရေးဂိတ်၁၁ကတစ်ဆင့် မြန်မာနိုင်ငံသား၁၆၄ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
အခု ပြန်လည်ပို့ဆောင်ခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်တာကြောင်​့ အာဏာပိုင်တွေရဲ့ ဖမ်းဆီး ပြစ်ဒဏ်ပေးမှု ကို ခံရသူ အများဆုံးဖြစ်ပြီး ပြစ်ဒဏ်လွတ်ရက် ပြည့်တာကြောင့် မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခြင်းခံရတာ ဖြစ်တယ်လို့သိရပါတယ်။
 
လက်တလောမှာလည်း ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို စက်ရုံ အလုပ်ရုံ တွေနဲ့ လုပ်ငန်းခွင်တွေအထိ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှု တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026