တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၂၆၀ ဦးကို ယခု ဇန်နဝါရီ လအတွင်းမှာ စေလွှတ်ခဲ့တယ်လို့ ကိုရီးယားရှိ မြန်မာသံရုံး(ဆိုးလ်မြို့)က ထုတ်ပြန်ထားပါတယ်။
၂၀၂၆ခုနှစ် ဇန်နဝါရီ ၆ ရက် တွင် Re-entry လုပ်သား (၁၄)ဦး၊ကုန်ထုတ်လုပ်သားသစ် (၁၁၆)ဦး စေလွှတ်ခဲ့ပြီး ဇန်နဝါရီ ၇ရက်တွင် ကုန်ထုတ် အလုပ်သမားသစ် (၁၁၁)ဦး၊ စိုက်ပျိုးရေးအလုပ်သမားသစ် (၁၅)ဦး နဲ့ ဝန်ဆောင်မှုအလုပ်သမားသစ် (၄)ဦး တို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ယခု စေလွှတ်မှုဟာ ၂၀၂၆ခုနှစ် အတွက် ပထမဆုံး စေလွှတ်တာ ဖြစ်ပြီး ၂၀၂၅ခုနှစ် တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ မြန်မာ အလုပ်သမား ၁၁၀၀ ကျော်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယား နိုင်ငံသို့ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှ









