NEWS

ယခုလအတွင်း တောင်ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သားခေါ်ယူမှု ၇၀၀ ကျော်ရှိ

CoverLogo
1.5K Views

တောင်ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သားခေါ်ယူရန် အလုပ်ခေါ်စာ ၇၀၀ ကျော်အထိရှိတယ်လို့ အစိုးရပြည်အလုပ်အကိုင်အေဂျင်စီ(POEA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံအ​နေနဲ့ မြန်မာလုပ်သားခေါ်ယူမှုကို ယခုနှစ်ဆန်းပိုင်းကစပြီး  ဆက်တိုက်ခေါ်ယူလျက်ရှိရာ ယခုလအတွင်းအလုပ်ခေါ်စာပေးပို့လာမှုအရ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီအနေဖြင့် အလုပ်ခေါ်စာရရှိတဲ့အလုပ်သမား ၇၆၀ ဦး ရဲ့အမည်စာရင်းကို ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။

'' ဒီဟာသာထုတ်ပြန်ထားတာ။ စာမေးပွဲဖြေဖို့ကျ ဘယ်တော့ဖြေရမယ်ဆိုတာ ခုထိမကြေညာသေးဘူး။ ကြာနေပြီ။ လကုန်လောက်တော့ထူးမယ်လို့ထင်တယ်။ ကျွန်တော်တို့လည်းစောင့်ကြည့်နေရတယ်''လို့ ကိုရီးယားသို့သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေတဲ့အလုပ်သမားတစ်ဦးကပြောပါတယ်။

ထုတ်ပြန်ချက်အရ အလုပ်ခေါ်စာရရှိသူအလုပ်သမားတွေအနေနဲ့  အချက် အလက်ကွဲလွဲပါက  ဆက်သွယ်ကြရန်လိုအပ်ပြီး ပတ်စ်ပို့သက်တမ်း (၁)နှစ်မပြည့်တော့ရင် လည်း သက်တမ်းတိုးထားရန်နဲ့  ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားဖို့လည်း လိုအပ်တယ်လို့သိရပါတယ်။

တောင်ကိုရီးယားနိုင်သို့သွားရောက်လုပ်ကိုင်မှုဟာ ယခုနှစ်အတွင်း  ၄,၀၀၀ခန့်အထိ  သွားရောက်ပြီးဖြစ်သလို လက်ရှိသွားရောက်လုပ်ကိုင်ရန် စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေသူ ၃၇၀၀၀ ကျော်အထိရှိနေပါတယ်။

ဒါ့အပြင်​တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေသူ ၄၅,၀၀၀ ခန့်ရှိနေပြီလို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026