NEWS

ယခုနှစ်အတွက် တောင်ကိုရီးယားကို EPS စနစ်ဖြင့် မြန်မာအလုပ်သမား လုပ်သား ၁၁၀၀၀ ကျော် စေလွှတ်မည်

CoverLogo
1.2K Views

မြန်မာနိုင်ငံအနေ နဲ့ နှစ်စဉ်လုပ်သား ဦးရေခွဲတမ်းရရှိမှုအလိုက် လုပ်သားများစေလွှတ်ပေးလျက်ရှိရာ မှာ ၂၀၂၄ ခုနှစ်အတွက် လုပ်သား ၁၁၀၀၀ ကျော် စေလွှတ်ခွင့်ရရှိထားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ ကို ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လ အထိ EPSစနစ် နဲ့ မြန်မာအလုပ်သမား ၆၅၀၀၀ကျော် စေလွှတ်နိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသူတွေ အနေ နဲ့ ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ Human Resorce Development Service of Korea (HRD-Korea) က ကျင်းပတဲ့ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ကို ဦးစွာဖြေဆိုရပြီး အောင်မြင်သူတွေကိုသာ အခြေခံကျွမ်းကျင်မှု (Skills Test) စစ်ဆေးခြင်းကိုခံယူကာ EPS စနစ်အတွင်း ကိုရီးယားအလုပ်ရှင်များကရွေးချယ်မှသာ ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြရတာဖြစ်တယ်လို့ဆိုပါတယ်။

EPS စနစ် ဖြင့်တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းကို မြန်မာနိုင်ငံ က ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ လုပ်သားဦးရေ ၆၅၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံအနေနဲ့အရင်က EPS စနစ်နဲ့ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေအတွက်သာ လုပ်သားခေါ်ယူရာကနေ ဒီနှစ်ကစပြီး ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားတစ်ခု ထပ်တိုးခွင့်ပြုခဲ့ပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းမှာ အမျိုးသမီးတွေပါ လုပ်ကိုင်ခွင့်ရရှိတာကြောင့် စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ဒီနှစ်လည်မှာ ကျင်းပခဲ့တဲ့ EPS-TOPIKစာမေးပွဲမှာလည်း ဝင်ရောက်ဖြေဆိုသူစံချိန်တင်များပြားခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင် အစိုးရအချင်းချင်းG to G ပို့ဆောင် တဲ့ အတွက် အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် အသက်ကန့်သက်ချက် မှာ EPS စနစ်နဲ့ ကိုရီးယားကိုအလုပ်သွားရောက် လုပ်လိုသူတွေ မပါရှိဘူးလို့ သိရပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026