NEWS

ယခုနှစ်လေးလအတွင်းပြည်ပနိုင်ငံအသီးသီးသို့ စေလွှတ်ရန် မြန်မာအလုပ်သမားလေးသောင်းခန့် စာချုပ်ချုပ်ဆိုထားဟုဆို

CoverLogo
1.1K Views

ယခုနှစ်လေးလအတွင်း  ပြည်ပနိုင်ငံအသီးသီးသို့  သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာအလုပ်သမား လေးသောင်းခန့်ကို  အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုပေးထားနိုင်တယ်လို့  ပြည်ပသို့ အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေက သိရပါတယ်။

ယမန်နှစ်ဖေဖော်ဝါရီလမှ ယခုနှစ်(၁)ကာလအတွင်း မြန်မာအလုပ်သမား ၃၇၀၀၀ ခန့်ကို  ပြည်ပနိုင်ငံအသီးသီးသို့ တရား၀င်စေလွှတ်ထားကာ ပြီးခဲ့တဲ့ဇွန်လကုန်အထိတော့ ၃၆၀၀၀ ရှိတယ်လို့တော့စာရင်းအရသိရပါတယ်။  

"ခုလက်ရှိအချိန် ဇွန်လကုန်အထိ ပြည်ပကိုသွားရောက်လုပ်ကိုင်ဖို့ရာ အလုပ်သမားခန့်ထားမှုဆိုင်ရာစာချုပ်ချုပ်ထားတာက လေးသောင်းလောက်ရှိတယ်သိရတယ်။ခုချိန်ကပြည်တွင်းကအခြေအနေတွေကြောင့် ပြည်ပကိုသွားချင်တဲ့သူတွေကများတယ်ဆိုတော့ နောက်ဆိုရင် ပိုများလာဖို့ရှိတယ်။  မလေးရှားကိုဆိုရင်  နေပြည်တော်ကိုတင်ထားတာခွင့်ပြုချက်ရဖို့စောင့်နေတာ ခုလက်၇ှိတော့ထင်သလောက်မများသေးဘူး။  နောက်ပိုင်းတော့  ပိုများလာမယ်လို့ထင်တယ်" လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံအသီးသီးသို့ တရား၀င်သွားရောက်လုပ်ကိုင်နိုင်ရန်  သွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေကို တာဝန်ယူစေလွှတ်ပေးမဲ့ အကျိုးဆောင် အေဂျင်စီ ၃၀၀ ကျော်ကို အကျိုးဆောင်လိုင်စင်ထုတ်ပေးထားပြီး ယခုနှစ် မတ်လ၂၅ကနေဇွန် ၃၀ရက် အထိ အလုပ်သမား ၃၉,၉၃၉ ဦးကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံအသီးသီးသို့ စေလွှတ်ခဲ့တဲ့အလုပ်သမားတွေဟာ  ၂၀၂၁ဖေဖော်ဝါရီ ၁ရက်ကနေ  ၂၀၂၂ ဇွန်လ ၃၀ရက်အထိ ထုတ်ပြန်ချက်စာရင်းများအရ  ၃၇၀၀၀ ခန့်အထိရှိတယ်လို့ သိရပါတယ်။

စေလွှတ်ခဲ့တဲ့အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို ၁၁,၁၂၃ဦး၊ စင်ကာပူနိုင်ငံကို ၁၀,၅၆၁ဦး၊ ကိုရီးယားနိုင်ငံကို ၂,၀၈၃ဦး၊ ဂျပန်နိုင်ငံကို ၇,၅၅၈ဦး၊ မလေးရှားနိုင်ငံကို ၃,၂၈၆ဦးအပါအဝင် ပြည်ပနိုင်ငံအသီးသီးကို စုစုပေါင်းလုပ်သား ၃၆,၃၆၅ ဦးကို ပြည်ပအလုပ်အကိုင်သတ်သေခံကတ်(OWIC)ပြုလုပ်ပြီး စေလွှတ်ခဲ့တာလို့လည်း သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026