NEWS

မြောက်ဒဂုံရှိ ပင်လုံအလုပ်သမားရုံးအနီးမှာ ပြည်ပထွက်မည့်အလုပ်သမားများ ကို လိမ်လည်ခေါ်ယူခြိမ်းခြောက်မှု၊  ​ငွေ​ကြေးနှင့်လက်ဝတ်လက်စားလုယူမှုများ မကြာခဏ ဖြစ်ပေါ်နေ

CoverLogo
594 Views

မြောက်ဒဂုံ ပင်လုံ အလုပ်သမားရုံးအနီး မှာ ပြည်ပကို အလုပ်သွားရောက် လုပ်မယ့် အလုပ်သမား တွေကို အေဂျင်စီ နာမည် သုံးပြီး လိမ်လည်ခေါ်ယူကာ ခြိမ်းခြောက်ပြီး ​ငွေ​ကြေးနဲ့လက်ဝတ်လက်စားတွေကို လုယူတာတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ အေဂျင်စီတွေ ထံ က သိရပါတယ်။ 

ပြည်ပထွက် အလုပ်လုပ်မယ့် အမျိုးသမီးတွေ ကို အဓိက ပစ်မှတ်ထားကာ  ခြိမ်းခြောက်ခေါ်ယူ ပြီး ငွေနဲ့လက်ဝတ်ရတနာ တွေ ကို လုယူတာတွေ ပိုများတယ်လို့ဆိုပါတယ်။ 

"ထိုင်းစာချုပ်ရှိလို့ ကလေးတွေ က ပင်လုံရုံး နား ကို စောပြီး ရောက်နေတာ  နယ်ကလာတဲ့  ကလေးတွေ မိန်းကလေးသုံးယောက်  သူတို့အနားကို အဒေါ်ကြီး နှစ်ယောက်က လာပြီး နင်တို့ကို နင်တို့အေ့ဂျင် ကခေါ်ခိုင်းလိုက်တာ ဆိုပြီး အဲ့ကလေးတွေ ကို ကားနဲ့ ခေါ်သွားတယ် တော်တော်ဝေးဝေးရောက်တော့ ကားရပ်ပြီး  နားကပ်တွေ လက်စွပ်တွေချွတ်ခိုင်း ဖုန်းတွေတောင်း ပါလာတဲ့ပိုက်ဆံတွေပါ တောင်း တယ် မချွတ်ပေးရင် တစ်ခုခုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ် သူတို့တောင်းတာပေးမှ ပြန်လွှတ်ပေးတယ် တစ်ချို့ ဆို မိဘ တွေ ဆီကနေတောင် ပိုက်ဆံလွှဲခိုင်းတာတွေပါရှိတယ် သူတို့ပြောတဲ့ k pay အကောင့်ထဲ ကို ငွေမလွှဲပေးရင် အဲ့ကလေးကို ပြန်မလွှတ်ဘူးတို့ ခြိမ်းခြောက်ငွေတောင်းတာတွေပါရှိတယ်"လို့ တွေ့ကြုံခဲ့သူတစ်ဦးကပြောပါတယ်။ 

ယခုရက်ပိုင်းမှာလည်း မြောက်ဒဂုံပင်လုံ အလုပ်သမားရုံးအနီး ရှိ တဲ့ အေဂျင်စီ ရုံး တစ်ခု အနီး မှာ အလုပ်အပ်ရန် အတွက် စောင့်ဆိုင်းနေတဲ့ မိန်းကလေး ၂ဦး ကို အမျိုးသမီးတစ်ဦး မှ လိမ်လည်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်  အဆိုပါ မိန်းကလေးတွေက အေဂျင်စီ ရုံးကို ဟုတ်မဟုတ် ဖုန်းဆက်မေးရာမှ ရုံးမှ ဝန်ထမ်းများ ထွက်လာသဖြင့် လိမ်လည်ရန် ကြိုးစားသူမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ အေဂျင်စီ အသိုင်းမှ သိရပါတယ်။ 

"အခုလို မကြာခဏလိမ်လည်ခေါ်ယူခြိမ်းခြောက် ငွေတောင်းတာတွေ  ဖြစ်တယ် လုပ်တဲ့ လူတွေ က အုပ်စုလိုက်လုပ်တာ၊ ပိုက်ဆံပါသွားလို့  ရဲစခန်းမှာ သွားတိုင်လည်း ဖမ်းစီးတာမျိုး မရှိဘူး၊ အဲ့တော့ သူတို့တွေက လူသိများသွားရင် ခဏနား မေ့လောက်ရင် ပြန် လုပ်စား အဲ့လိုတွေ ဖြစ်နေတာ"လို့အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ရှိ ပင်လုံ အလုပ်သမားရုံးမှာ ပြည်ပကိုတရားဝင် အလုပ်သွားရောက် လုပ်မယ့် အလုပ်သမားတွေ စာချုပ်ချုပ်ခြင်း၊ သင်တန်းတတ်ခြင်းနဲ့OWIC ကတ်ရိုက်နှိပ် ခြင်းစတာတွေ ကို လုပ်ဆောင်ပေးတဲ့ အဓိက အလုပ်သမားရုံး ဖြစ်ကြောင်း သိရပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026